မစ္စတာဂမ်ဘာရီ ဘာ ဆက်လုပ်မလဲ ! !

Click to enlarge

                  ကုလသမဂ္ဂ အဖွဲ့ကြီး၏ အထူး ကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံ သို့ရောက်ရှိခဲ့ သော မစ္စတာ အီဘရာဟမ် ဂမ်ဘာရီ၏ ခရီးစဉ်မှာ အောင်မြင်မှု မရရှိခဲ့ဘဲ စိတ်ပျက်ဖွယ် အခြေအနေ ဖြင့်သာ အဆုံးသတ်ခဲ့ရပြီဖြစ်သည်။ မစ္စတာဂမ်ဘာရီ မှာ မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် မရရှိခဲ့သလို

 

                 နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံ ထားရသည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း တွေ့ဆုံခွင့်မပေး ခဲ့ခြင်းမှာ သူ ခရီးအား အောင်မြင်မှု မရှိကြောင်း ထုတ် ပြောနေ စရာမလိုအောင် သိသာသည့် အချက်ဖြစ် လာစေခဲ့သည်။ မစ္စတာဂမ်ဘာရီ ၏ ခရီးစဉ်မှာ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် မေလအတွင်းက တစ်ဖက်သတ် ဆန္ဒခံယူပွဲများ ကျင်းပပြီး အခြေခံဥပဒေသစ်အား အတည်ပြုခဲ့သည့် စစ်အစိုးရတို့အကြား ညှိနှိုင်းမှုများပြုလုပ်ရန် ရည်ရွယ်ပြီး လာရောက် ခဲ့ခြင်း သာဖြစ်ကြောင်း ကုလသမဂ္ဂက ပြေဆိုခဲ့ သော်လည်း၊ နိုင်ငံတကာ အဖွဲ့အစည်း များက မစ္စတာဂမ်ဘာရီ အနေဖြင့် စစ်အစိုးရအား ဒေါ်အောင်ဆန်းစုကြည် နှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီး အမျိုးသာ စည်းလုံးညီညွတ်မှုနှင့် အနာဂါတ် ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို အတူတကွဆောင်ရွက်သွားရန် စည်းရုံး သွား နိုင်လိမ့် မည်ဟု မျှော်လင့်ခဲ့ကြသည်။

                သို့သော် မစ္စတာဂမ်ဘာရီအား မြန်မာနိုင်ငံတော် အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်ခံ တွေ့ဆုံခြင်းမရှိဘဲ ဩဂုတ်လ (၂၀) ရက်နေ့တွင်  ဒေါ်အောင်ဆန်းစုကြည်  နှင့် တွေ့ဆုံရန် စီစဉ်ထားမှုမှာလည်း မ အောင်မြင် ခဲ့ချေ။ ဒေါ်အောင်ဆန်းစုကြည် က မစ္စတာဂမ်ဘာရီအနေဖြင့် ၎င်း ၏ ခရီးစဉ်နှင့် ပတ်သတ်၍ မြန်မာနိုင်ငံအရေး အား ဖော်ပြထားသော အစီရင်ခံစာတွင် အမှန်အတိုင်းဖော်ပြဖွယ်မရှိဟု ယုံကြည်နေပြီး အဆိုပါ အစီရင်ခံစာကြောင့်လည်း မြန်မာ့နိုင်ငံရေးကို ပိုမိုတိုးတက်လာအောင် အကူအညီပေး နိုင်မည်မဟုတ်ဟု ယူဆထားသည်။ ထိုသို့သော အခြေအနေများကြောင့်  ဒေါ်အောင်ဆန်းစုကြည် ကို ထိုအချက် ထောက်ပြီး၊ တွေ့ဆုံ ခြင်း ကို မပြုခဲ့ခြင်း ဖြစ်နိုင်ပေသည်။ ယခုခရီးစဉ်သည် (၂၀၀၇) ခုနှစ် စက်တင်ဘာလအတွင်းက ရဟန်းတော်များ အပါအဝင် ဆန္ဒပြသူများကို မြန်မာအစိုးရ စစ်တပ်များက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုများ နောက်ပိုင်း မစ္စတာဂမ်ဘာရီ အနေဖြင့် မြန်မာနိုင်ငံသို့ (၄) ကြိမ်မြောက် လာရောက်ခဲ့ခြင်း လည်းဖြစ်သည်။

 

Click to enlarge  

          မြန်မာနိုင်ငံမှာ (၁၉၆၂) ခုနှစ်ကတည်း က စစ်အစိုးရ၏ အုပ်ချုပ်မှုအောက် ကျရောက်ခဲ့သည်ပြီး၊ ကမာ္ဘပေါ်တွင် လူ့အခွင့်အရေး အခေါင်းပါးဆုံး နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေခဲ့သည့် မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် ၎င်း တို့လိုလား တောင့်တသော ဒီမိုကရေစီစနစ်အတွက် (၁၉၈၈) ခုနှစ်၊ (၂၀၀၃) ခုနှစ် နှင့် ယခုနောက်ဆုံး (၂၀၀၇) ခုနှစ် စက််တင်ဘာလတို့တွင် ဆန္ဒပြတောင်းဆိုမှုများပြုလုပ်ကာ တိုုက်ပွဲဝင်ခဲ့ကြသည်။ စစ်အစိုးရအနေနှင့် ၎င်း တို့၏ အာဏာ တည်မြဲရေး အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဆန့်ကျင်ဘက် နိုင်ငံရေးသမား (၂၀၀၀) ကျော်အား ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် မှာ လွန်ခဲ့သည့် (၁၉) နှစ်တာကာလအတွင်း နေ အိမ် အကျယ်ချုပ်ဖြင့်သာ အများဆုံးနေခဲ့ရသည့်တိုင်၊ စစ်အစိုးရအာဏာပိုင်များက ၎င်း တို့ စိတ်ကြိုက် ရေးဆွဲ ထား သည့် အခြေခံ ဥပဒေ အား ယခုနှစ် မေလ (၁၀) ရက်နေ့နှင့် (၂၄) ရက်နေ့များတွင် ပြည်သူများ အား ခြိမ်းခြောက်မှုများ ပြုလုပ်ကာ ထောက်ခံစေခဲ့ပြီး (၂၀၁၀) ခုနှစ်အတွင်း အပြီးသတ်ရွေးကောက်ပွဲများ ကျင်းပသွားမည်ဟု ကြေညာခဲ့သည်။

               စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးစသည့် ကဏ္ဍ အရပ်ရပ်တွင် ချွတ်ခြံုကျ နေသော မြန်မာနိုင်ငံအတွင်း ကျင်းပမည့်အဆိုပါ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိမရှိဆိုသည်မှာ မေးရန်မလိုသော မေးခွန်းတစ်ခုပင်ဖြစ်သည်။ ပြည်သူများအား လက်နက်အားကိုးနှင့် ခြိမ်းခြောက် အနိုင်ကျင့် နေသည့် စစ်အစိုးရမှာ အဘက်ဘက်မှယိုယွင်းနေသော နိုင်ငံအား ကယ်တင်နိုင်ရေးထက် ၎င်းတို့၏ အာဏာ တည်မြဲရေး ကိုသာ အဓိက ထားနေခဲ့သည်။ မြန်မာနိုင်ငံအား ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်မှား ဆောင်ရွက် နိုင်ရန် တောင်းဆိုလျက် ရှိသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် United Nationalities Alliance (UNA) အဖွဲ့အစည်းများ က စစ်အစိုးရအနေဖြင့် နိုင်ငံတော် အနာဂါတ်အတွက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွား ရန် အလိုရှိနေကြသည်။ NLD နှင့် UNA တို့အနေဖြင့် စစ်အစိုးရ၏ မမျှတသော ဖွဲ့စည်းပုံ ဥပဒေအား ပြင်ဆင်သွားနိုင်ရန် ဆန္ဒရှိနေကြသည်။

                သို့သော် မြန်မာစစ်အစိုးရအနေဖြင့် ကုလသမဂ္ဂ လုံခြံုရေးကောင်စီ မှ မြန်မာနိုင်ငံအရေးအတွက် ညှိနှိုင်း ဆောင်ရွက်သွားရန် တောင်းဆိုမှုများအား ပြောင်ပြောင် တင်းတင်းပင် လျစ်လျူရှုခဲ့သည်။ ထို့ပြင် ဖမ်းဆီးထား သည့် နိုင်ငံရေး အကျဉ်းသား များကိုလည်း ပြန်လွှတ် ပေးရန် ငြင်းဆန်ခဲ့သည်။ မြန်မာအစိုးရအနေနှင့် ၎င်း တို့ ချမှတ်ထားသည့် လမ်းညွှန်မြေပုံ(၇)ရပ်အား အပြည့်အဝ ဖော်ဆောင်ပြီး တရားမျှတမှုလုံးဝမရှိသည့် (၂၀၁၀) ရွေးကောက်ပွဲအား ကျင်းပသွားဖွယ်ရှိနေသည်။ အဆိုပါ ကိစ္စအတွက် ညှိနှိုင်းမှုများဆောင်ရွက်ရန် မစ္စတာဂမ်ဘာရီ ၏ ကြိုးပမ်းမှုများ မှာ လက်ရှိအခြေအနေအရ ထူးထူး ခြားခြား အကျိုး ဖြစ်ထွန်း မှုမရှိချေ။ မစ္စတာဂမ်ဘာရီ မှာ မြန်မာ့နိုင်ငံရေး အတွက် အကောင်းဆုံး ကြားဝင် စေ့စပ် ပေးနိုင် မည့် အသင့်တော်ဆုံး ပုဂ္ဂိုလ် ဟုတ်မဟုတ်ဆိိုသည်မှာ မေးခွန်းထုတ်ရန် လိုအပ် လာပြီဖြစ်သည်။

             ပြောင်းလဲမှုကို လိုလား သူများ အမြင်တွင် မစ္စတာဂမ်ဘာရီမှာ အရည်အချင်း ပြည့်မီသူတစ်ဦး မဟုတ်တော့ချေ။ ၎င်းသည် မကြာခဏ မြန်မာပြည်သို့ လာရောက်ခဲ့သော်လည်း အရေးမပါသည့် စစ်အစိုးရ အရာရှိများနှင့်သာ တွေ့ဆုံနေရပြီး မြန်မာပြည်အရေးအတွက် ထိရောက်သော ဆောင်ရွက် မှုမျိုး ပြုလုပ်နိုင်ခဲ့ခြင်းမရှိချေ။ ထို့အပြင် NLD ပါတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်က (၂၀၁၀)ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး မျှ တမှုရှိလိမ့်မည်ဟု ပြောကြားခဲ့ရာ မစ္စတာဂမ်ဘာရီ၏ ရပ်တည်ချက်မှာ စဉ်းစားစရာဖြစ်လာခဲ့သည်။ မစ္စတာဂမ်ဘာရီအနေဖြင့် မြန်မာနိုင်ငံ စစ်အစိုးရအဖွဲ့၏ ကမာ္ဘ့အလယ်တွင် ဂုဏ်သိက္ခာ ကင်းမဲ့သော လုပ်ရပ်များကို အရှက် အကြောက် ကင်းမဲ့စွာ ပြောင်ပြောင် တင်းတင်း လုပ်ဆောင် နေမှု များ အား အပြောင်းအလဲ တစုံတရာ လုပ်ပြ နိုင်ရန် အမှန်တကယ် လိုအပ် နေပြီဖြစ်သည်။

              မြန်မာ့ နိုင်ငံရေး သမားများ အနေဖြင့် ကုလသမဂ္ဂမှ ယခုထက်ပိုမိုပြီး မြန်မာနိုင်ငံအရေးကို အာရုံစိုက် အလေး ထား လာရန် မျှော်လင့် လျက်ရှိ နေပြီး ရန်ကုန်မြို့တွင်ဖြစ်ပွား ခဲ့သည့် သွေးမြေကျ အရေးအခင်း များအတွက် မျှတသော အဖြေတစ်ခုအား မျှော်လင့် တောင့်တ လျှက် ရှိ နေကြသည်။
 

ကျော်ကိုကို ( ရန်ကုန် )

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here