သီးလေးသီးအငြိမ့်နဲ့ ဂျပန်က လေဘေးရံပုံငွေပွဲ

Click to enlarge 

    မြန်မာပြည်မှာ ဆိုးရွားပြင်းထန်စွာတိုက်ခတ်သွားတဲ့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် မုန်တိုင်းသင့် ဒေသများတွင် ယခုအချိန်ထိ စားဝတ် နေရေး နှင့် အသက်ရှင် ရပ်တည်ရေး အတွက် ဒုက္ခ ရောက်နေကြပြီး အစိုးရ နှင့် UN
       


 

အကူအညီပေးမူတွေကလည်း ဘာမှထိရောက်မူမရှိခဲ့တာတွေကြောင့် စေတနာ့ အလှူရှင်တွေ ရဲ့ ကူညီမူတွေလိုအပ်နေတာ အမှန်ပါဘဲ။ 

အဲဒီ ဒုက္ခရောက်နေသူတွေကို ကူညီမူတတ်နိုင်သလောက် ပေးနိုင်ဘို့ ဂျပန်ရောက် ရွှေမြန်မာတွေက မိမိတို့ အပေါင်း အသင်းအစု၊ အဖွဲ့ အစည်း များ ၊ တသီးပုဂ္ဂလ အလှူရှင်တွေက ပြီးခဲ့တဲ့မေလ နာဂစ်မုန်တိုင်းတိုက်ခတ်ကတည်းက ပုံစံအမျိုးမျိုးနဲ့ ကျိုးစား လှူဒါန်း ပေးပို့နေတာတွေဟာ ပီတိဖြစ်စရာပါ။
    အဲဒီထဲမှာမှ ဂျပန်ရောက် ဂီတအနုပညာသမားတွေကလည်း မိမိတို့တတ်နိုင်တဲ့ အနုပညာနဲ့ ရံပုံငွေပွဲတွေကို ရှာဖွေ လုပ်ဆောင်နေတာတွေ့ရှိရသလို ၊  ပြည်တွင်းက အနုပညာအဆိုတော် တွေကို ဖိတ်ကြားလို့ ရံပုံငွေပွဲတွေကို စီစဉ်ကျင်းပ ကြိုးစား ပြုလုပ် ခဲ့ကြပါတယ်။ အခုလည်း နာဂစ်မုန်တိုင်းလေဘေးသင့် ဒုက္ခသည်တွေကို ကူညီဘို့ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့နဲ့ ဂျပန်က မင်္ဂလာဒိုး အဖွဲ့က ပူးပေါင်းလို့ နာဂစ်မုန်တိုင်း လေဘေး ဒုက္ခသည်များ ရံပုံငွေ ကို စက်တင်ဘာလ၊ ရ ရက်နေ့ အများ ပြည်သူရုံးပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ   တိုကျိုက မြန်မာတွေသိနေတဲ့ အိခဲဘုကုရိုက ကိုခိုင်း ဒိုခမ်းမဆောင်မှာ  ညနေ ၄နာရီမှ ည ၉နာရီအထိ ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပြီး လက်မှတ်တစောင်ကို ယန်း ၄၀၀၀နဲ့ တိုကျိုက မြန်မာ စတိုးဆိုင်တွေမှာ
၀ယ်ယူ အားပေး နိုင်ကြောင်းလည်းသိရပါတယ်။


     အခုကျင်းပမယ့် ရံပုံငွေပွဲနဲ့ ပတ်သက်လို့ မင်္ဂလာဒိုးအဖွဲ့ခေါင်းဆောင် ဦးဝင်းရွှေကို ဆက်သွယ် မေးမြန်းခဲ့ ရာမှာတော့" အခုပွဲက မင်္ဂလာဒိုး အဖွဲ့က စီစဉ်တာပါ၊ သီးလေးသီးအဖွဲ့နဲ့က အရင်တခေါက်ကိုရီးယား၊ ဂျပန်၊ စကာင်္ပူပွဲစဉ်တွေမှာ အတူ တွဲပြီး လုပ်ခဲ့ကြ တာဆိုတော့  အဆင်ပြေတယ်လေ၊ နာဂစ်ကပြီးသွားပြီဆိုပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းတွေက နှစ်နဲ့ ကို ချီကြာ အုံးမှာ ဒုက္ခ ရောက် နေသူ တွေကအများကြီးဆိုတာ ကြားသိနေရတော့ မြန်မာလူမျိုးတယောက်အနေနဲ့ စိတ်မကောင်း ဖြစ်မိ တယ်၊ ဒါနဲ့ တတ်နိုင်တဲ့ အနုပညာ လေးနဲ့ ကျနော်တို့ အနုပညာမောင်နှမတွေ ပူးပေါင်းပြီး စီစဉ်လိုက်ရတာပါ"


       နာဂစ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ နာဂစ်ကဒုက္ခပေးခဲ့လို့ ဒုက္ခရောက်နေသူတွေရဲ့ အခက်အခဲတွေကို( ပြန်လည် ထူထောင် ရေး လုပ်ငန်း တွေအတွက်) ပြည်ပရောက် ရွှေမြန်မာများအနေနဲ့ တတ်အားသရွှေ့လေး ကူညီမူလေးတွေပေးနိုင်ဘို့ လေဘေး ဒုက္ခသည် တွေ အကျိုး မျော်ကိုးလို့ နိုးဆော် ကြော်ငြာပေးလိုက်ပါရစေ …
                                                                                                                 သားကျော် 

LEAVE A REPLY

Please enter your comment!
Please enter your name here