တရားရုံးတော်၌ ခုခံကာကွယ်ကါ ပြည်ပထွက်ရန် ကျိုးစားသည့် စနိုက်

              အော့ကလာမြို့, ဖရော်ရီဒါမှ အသက် (၄၅)နှစ်ရှိပြီ ဖြစ်သော နာမည်ကျော် ဟောလီးဝုဒ် အက်ရှင်မင်းသား ၀က်စလေ စနိုက်မှာ ပြည်ထောင်စု ဗဟိုအစိုးရအား ၃နှစ်တာ အခွန်တော်ငွေ ပေးဆောင်ရန် ပျက်ကွက်မှုဖြင့် စွဲဆိုထားသော ပြစ်မှုအား ဖရော်ရီဒါတရားရုံးတော်ခုခံခြေပလျှက် ရှိသည်ဟု သိရှိရသည်။

  

 

 

 

ယခုနှစ် ဖေဖေါ်ဝါရီ ၂၄ရက်က လော့(စ်)အိန်ဂျလိ(စ်) ၈၀ကြိမ်မြောက် အကယ်ဒမီပေးပွဲတွင် တွေ့ရသော ၀က်စလေ စနိုက်

 

စနိုက်မှာ ယခုနှစ်တွင် လန်ဒန်နှင့် ဘန်ကောက်တွင် ရိုက်ကူးမည်ဖြစ်သော ဇါတ်ကား၂ကား "Gallow walker" and "Chasing the Dragon," စသော ဇါတ်ကားများတွင် ရိုက်ကူးပါ၀င် သရုပ်ဆောင်ချင်ပါသောကြောင့် အမှု ယှဉ်ဆိုင်နေချိန်အတွင်း နိုင်ငံရပ်ခြား ထွက်ခွင့်ရရန် ဗုဒ္ဓဟူးနေ့ ( ယမန်နေ့က ) ဗဟိုအစိုးရ တရားရုံးထံသို့ အထောက်အထားများနှင့် ဦးတိုက် လျှောက်ထား တင်ပြလိုက်သည်။

ထိုအထောက်အထားများအရ သိရှိရသည်မှာ “ထောင်နှုတ်ခမ်းပေါ် စကြင်္လျှောက်သူ” အမည်ရ Gallow Walker မှာ ဇွန်လိုင် ၁၄ရက်နေ့တွင် စတင် ရိုက်ကူးမည်ဖြစ်ပြီး၊ “နဂါးမင်းအား လိုက်လံဖမ်းဆီးခြင်း” အမည်ရ Chasing the Dragon မှာ စက်တင်ဘာလတွင် စတင်၍ နိုင်ငံရပ်ခြားများတွင် ရိုက်ကူး မည်ဖြစ်သည်ဟု သိရှိရသည်။

စနိုက်ရဲ့ ကမာ္ဘကျော် ဘလိတ် ဇါတ်ကား

ယခု ဧပြီလတွင် စတင်မည့်  စနိုက်၏ ထောင်သက်တမ်း (၃)နှစ်တာ ပြဿနာမှာ ရုံးတော်တွင် ကိုယ်နှုတ်အမူအရာ ပြောဆိုမှု မှားယွင်းခဲ့သဖြင့် ယခုကဲ့သို့ အခွန်ငွေရှောင်မှု ပြဿနာ မပြေမလည် ဆက်လက်ဖြစ်ပွား ဖြေရှင်းနေရခြင်း ဖြစ်သည်ဟု ဟောလီးဝုဒ် အတွင်း သတင်းများကဆိုသည် ။

ယင်းကဲ့သို့ ပြည်ထောင်စုအစိုးရအား ကိုယ်နှုတ်အမူယာ လွန်ကျူးခဲ့သည့် စနိုက်မှာ သွေးစုတ်ဖုတ်ကောင်အဖြစ် အသုံးတော်ခံသော သုံးကားတွဲ Blade ဇါတ်ကား၊ New Jack City (1991), Jungle Fever (1991), White Men Can’t Jump (1992), Passenger 57 (1992), Demolition Man (1993), Money Train (1995), U.S. Marshals (1998), Blade (1998), The Art of War (2000), Blade II (2002), Undisputed (2002), Blade: Trinity (2004), 7 Seconds (2005), and Chaos (2006). စသောကားများမှ စတင်ရုပ်ရှင် ရိုက်ကူး၍  နိုင်ငံတကာတွင် တဟုန်ထိုး လျှံလျှံတောက် နာမည်ရလာခြင်းဖြစ်သည်။

သို့ပါ၍ စနိုက်မှာ ယခုအခါ ထိုဇါတ်ကားများအား နိုင်ငံရပ်ခြား ဖြစ်သော ထိုင်းနိုင်ငံနှင့် အင်္ဂလန်နိုင်ငံတို့ တွင် သွားရောက်ရုပ်ရှင် ရိိုက်ကူးနိုင်ရန် ဖရော်ရီဒါ ၊ အော်လန်ဒိုး တရားရုံးမှတဆင့် ဗဟိုအစိုးရသို့ တင်ပြလိုက်သည်ဟု စနိုက်၏ ရှေ့နေ ဒယ်နီရယ် မီကမ်းမှ မီဒီယာသို့ ယနေ့ ကြေညာလိုက်သည်။

ကျားလေး (လူထုအသံ)

 

LEAVE A REPLY

Please enter your comment!
Please enter your name here