၆၃ နှစ် မြောက် ဒေါ်အောင်ဆန်းစုကြည် မွေး နေ့ ကျင်း ပ မည့် တောင် ကိုရီးယား

   

၂၀၀၈ ခုနှစ် ဇွန်လ (၁၉) ရက် ကြာသာပတေးနေ့တွင် ကျရောက်မည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၃) နှစ်မြောက် မွေးနေ့ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို

ပြည်တွင်းမှာသာမက၊ ပြည်ပနိုင်ငံတွေမှာလည်း ဒေါ်စု လွတ်မြောက်ဖို့အတွက် ဆုတောင်းပွဲတွေ အထိမ်းအမှတ် အခမ်းအနား ပွဲတွေကိုလည်း နှစ်စဉ် မပြတ် ကျင်းပပြုလုပ် ပေးကြစမြဲပါ။  

 

တောင်ကိုရီးယားနိုင်ငံ မွေးနေ့ပွဲ ဖြစ်မြောက်ရေး ကော်မတီမှ ထုတ်ဝေသော ပိုစတာ 

 

 

တောင်ကိုရီးယားနိုင်ငံ မှာတော့  ၆၃ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ၂၀၀၈ ခုနှစ် ဇွန်လ ၁၅ ရက် တနင်္ဂနွေနေ့တွင် တောင်ကိုရီးယားနိုင်ငံ ဖူချွန်းမြို့ရှိ နိုင်ငံခြားသား အလုပ်သမား ရိပ်သာခမ်းမဆောင်တွင် နေ့လည် ၁နာရီမှ ညနေ၄နာရီ အချိန်အထိ ကိုရီးယားနိုင်ငံရှိ မြန်မာအဖွဲ့ အစည်းများ စုပေါင်း၍ စည်ကား သိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်မည် ဖြစ်ပြီး ကိုရီးယားနိုင်ငံရောက် မြန်မာလူမျိုးတိုင်း မပျက်မကွက် ဆက်ဆက်တက်ရောက် ဆင်နွဲကြဘို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ၊ ကိုရီးယားဌာနခွဲမှ နိုးဆော်ထားတယ်လို့ သိရှိရပါတယ်။

 အသေးစိတ်ကို သိလိုပါက ကိုရန်နိုင်ထွန်း (သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ) အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ။ ကိုရီးယားဌာနခွဲ ရုံးဖုန်း 032-656-6932နဲ့ လက်ကိုင်ဖုုန်း 011- 9723-4773တို့ကို ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။

             

 

LEAVE A REPLY

Please enter your comment!
Please enter your name here