ဒီပဲယင်း အရေးခင်း ကိုယ်တွေ့ ဒေါ်ခင်အေးမြင့် ၏အမြင် စကားမှတ်တမ်း

 ဇာမဏီရိုင်း (နှင်းဆီမြို့တော်)

လွန်ခဲ့သော ၅နှစ် ၂၀၀၃ခုနှစ် မေလ(၃၀)ရက်နေ့တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အထက်မြန်မာပြည် ခရီးစဉ်၌ စစ်အစိုးရ၏ စနစ်တကျ ကြိုတင်ကြံစည် လုပ်ကြံသတ်ဖြတ်သော ဒီပဲယင်း အရေးအခင်း ကိုယ်တွေ့ပါ၀င်ခဲ့တဲ့

ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ တွေ့ရသော ဒေါ်ခင်အေးမြင့်

 

 

 

မန္တလေးတိုင်း အနောက်မြောက်မြို့နယ် ဘဏ္ဏာရေးနှင့် တိုင်း/အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ခင်အေးမြင့် အား  လူထုအသံမှ  ယနေ့ မြန်မာနိုင်ငံအား လတ်တလော အမြင် တွေ့ဆုံ မေးမြန်းရာတွင် …… 

ယနေ့ဟာ ဆိုလျှင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ဝင်တွေကို စစ်အစိုးရရဲ့ စနစ်တကျ လုပ်ကြံသတ်ဖြတ်ခဲ့တာ ၅နှစ်တိုင်ခဲ့ပါပြီ။ ကျမတို့ရဲ့ ခေါင်းဆောင်ကြီးဟာ အသက်ဘေးမှ လက်မတင်လေး လွတ်မြောက်သွားခဲ့သော်လည်း ယနေ့တိုင် နေအိမ် အကျယ်ချုပ် ကန့်သတ်ခြင်း ခံနေရပါတယ်။ 

ကျမ အမြင်သုံးသပ်ရရင်် နိုင်ငံတကာ ဖိအားပေးမှုများလဲ အောင်မြင်မှု မရှိခဲ့ကြောင်း၊ လွန်ခဲ့သည့်နှစ် ၂၀၀၇ စက်တင်ဘာလတွင်လဲ လောင်စာဆီ နှုန်းထားတိုးမြှင့်မှုနှင့် စပ်လျဉ်း၍ ပြည်တွင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသော ကျောင်းသားများ၊ သံဃာများ၊ ပြည်သူများ ပါ၀င်လာကြသည်ကို ရိုင်းပြရက်စက်သည့် စစ်အစိုးရဟာ ၈၈မျိုးဆက် ကျောင်းသားများအား ထောင်သွင်းနှစ်ရှည် အကျဉ်းချခြင်း၊ အဲဒီ ပြည်သူလူထုနှင့် ရဟန်းသံဃာများတို့သာ ရွှေဝါရောင်တော်လှန်ရေး၌ သွေးမြေကျခဲ့ရသည်၊ နိုင်ငံသမိုင်းကို ပြန်ကြည့်ယင် တိုင်းတပါးသားတွေ ကိုလိုနီကျွန်ပြုစဉ်ကပင် သာသနာအပေါ်တွင် ယခုကဲ့သို့ စော်ကားခဲ့ခြင်းမျိုး မရှိခဲ့ပေ၊ ဒီ န.အ.ဖ စစ်အုပ်စုလောက် ပက်စက် ရက်စက်တဲ့ လုပ်ရပ်မျိုးဟာ ဘယ်ကမာ္ဘမှာမှ ရှိခဲ့မယ် လို့ ကျမ မထင်ပါဖူး၊ ယခုလက်ရှိ အနေအထားဟာ အမျိုးဘာသာ သာသနာပါ အစော်ကားခံနေရပြီး၊ ပြည်သူတွေရဲ့ နေ့တဓူဝ ဘဝတွေမှာလဲ ကုန်းကောက်စရာမရှိအောင် ဖြစ်နေရပြီး၊ ကမာ္ဘက ၀င်စေ့စပ်တဲ့ မစ္စတာဂမ်ဘာရီရဲ့ ကြားဝင်ဆောင်ရွက်မှုဟာလဲ မအောင်မြင်ခဲ့ပါဖူး၊ နောက်အခု၂၀၀၈ မေလ အစပိုင်း နာဂစ် သဘာဝ ဘေးအန္တရာယ်ဆိုး ဒါဏ်ခံ ပြည်သူများကိုလဲ လိုအပ်သည့် အကူညီများ မပေးနိုင်သည့် အပြင် စာနာစိတ်မရှိပဲ ဒုက္ခပင်လယ်ဝေနေတဲ့ ၂သန်းခွဲသော ပြည်သူတွေကို ကိုယ်ချင်းစာနာသော ကမာ္ဘ့ပြည်သူများက  အကူညီပေးမှုကိုလဲ လက်မခံခဲ့ဖူး။

ဒီပဲယင်း တရားခံများ ဖြစ်တဲ့ လက်မရွ့ံ ဒု-ဗိုလ်မှူးကြီးသန်းဟန် နဲ့ ကွယ်လွန်သူ ဒီပဲယင်း သားသတ်သမား ဗိုလ်ချုပ်ကြီး စိုးဝင်း 

 ဒီလို အာဏာရှင် အစိုးရမျိုးရဲ့ မရိုးနိုင်တဲ့ လူသတ်ပွဲမျိုးကို နိုင်ငံတကာမိသားစုများ အနေနဲ့ ဘယ်အတိုင်းအတာအထိ ဘယ်လိုနှလုံးသားမျိုးနဲ့ လိုက်ပိုက်ကြည့်နေကြမှာလဲ ကျမအနေနဲ့ မေးခွန်းထုတ်လိုပါတယ်၊ တဆက်မှာပဲ ပြည်တွင်း၊ ပြည်ပက ကျမတို့ရဲ့ မိတ်ဆွေတွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေ၊ ကျမတို့ရဲ့ ပါတီဝင်တွေ၊ မြန်မာပြည် ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းသူတွေကို ကျမ ပန်ကြားလိုတာကတော့ အမျိုးဘာသာ၊ သာသနာအား ကာကွယ်ကြပါ၊ အာဏာရူး စစ်အုပ်စုကိုလဲ နိုင်ငံတကာ တရားရုံးမှာ တရားစွဲဆိုဖို့ တတ်အားသရွေ့ပြင်ဆင်ကြပါ လို့ပြော တိုက်တွန်းချင်ပါတယ်၊ ကုလသမဂ္ဂမှ ဦးဆောင်ပြီး နိုင်ငံတကာမှ လက်တွဲကာ လူသတ် စစ်အာဏာရှင်တွေ ဆုံးခန်းတိုင်ဖို့  ပြတ်သားစွာ ချေမှုန်းသင့်ချိန် ရောက်ပါကြောင်း ပြောကြားသွားပါတယ်။  

 

ဒေါ်ခင်အေးမြင့်မှာ လွန်ခဲ့သော ၃နှစ်က ၅၉နှစ်ပြည့်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် အဖြစ်ပေးအပ်သော ဂျပန်နိုင်ငံ အိုးအိမ်၊ မြို့ပြ ဖွံဖြိုးတိုးတက်ရေး သမဂ္ဂမှ မြန်မာ့အမျိုးသမီးဆု နှင့် နိုက်တင်ဂေးလ်ဆု၂ဆု ပေးအပ်ခဲ့တာကို ရရှိထားသူ ဖြစ်ပါတယ်၊ ဒီဆုရရှိရခြင်း အကြောင်းကတော့ ၀န်ကြီးချူပ်ဟောင်း ဗိုလ်ချူပ်ကြီးစိုးဝင်း နှင့် စက်မှု(၁) ၀န်ကြီးဦးအောင်သောင်း တို့ စီမံမှုနဲ့ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း အရေးခင်းမှာ ဒေါ်ခင်အေးမြင့်ဟာ မှောင်မိုက်နေသော ကျည်ရွာအနီး ဆည်မြောင်းရုံးရှေ့မှာ စနစ်တကျ တိုက်ခိုက်ခြင်းခံရတဲ့ ပြည်သူတွေ၊ ရဟန်းတွေ၊ ကျောင်းသူကျောင်းသားတွေ ဒါဏ်ရာရရှိနေတာကို  မိမိအသက်ကို ပဓါနမထားပဲ ကူညီခဲ့လို့ ဒီဆုချီးမြှင့်ခြင်း ခံရတာလို့ သိရှိရပါတယ်။

ဒီပုံက အရပ်ဝတ်နဲ့ သန်းဟန် ဟာ မေ(၂၅) ကတည်းက ကျည်ရွာအနီးက လှုပ်ရှားမှုတွေပါ

သူမဟာ ၁၉၈၈ခုနှစ် ကမာ္ဘကျော်ရှစ်လေးလုံး အရေးခင်း မန္တလေးတိုင်း အစာငတ်ခံ ဆန္ဒပြပွဲနဲ့ အတူ နောက်ပိုင်း မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၀င်ရောက်ခဲ့သူပါ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်း အနောက်မြောက်မြို့နယ် ရုံးခန်းကို သူမ၏အိမ်မှာ ဖွင့်လှစ်ထားပြီး၊ စစ်အစိုးရ၏ NLD အပေါ်အပြီးသတ် ချေမှုန်းမှု ရလဒ်ဆိုးကြောင့် ဒီချုပ်ရုံးဖွင့်ထားတဲ့ သူမ၏နေအိမ် တိုက်တခြမ်းအား ယနေ့တိုင် ချိတ်ပိတ်ထားခြင်း ခံထားရပါတယ်။  

ဒီပဲယင်း လုပ်ကြံမှုနောက်ပိုင်းမှာ အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် အမိမြန်မာပြည်အား စွန့်ခွာပြီး ယခုအချိန်မှာ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်လျှက်ရှိပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here