ဧရာဝတီမှသည် ကျောက်ဖရားသို့

အရှင်ကောဝိဒ ( မန္တလေး ရဟန်းပျို )

{ အရှင်ကောဝိဒမှာ ကနေဒါနိုင်ငံလုံးဆိုင်ရာ သာသနာ့ မောဋိ ဥက္ကဋ္ဌဆရာတော် ဖြစ််ပြီး။ ၁၉၈၀ခုနှစ်များဆီ၌ မြန်မာနိုင်ငံတွင် စာရေးဆရာ သာကီသွေး ကလောင်အမည်ဖြင့် ခရီးသွားဆောင်းပါးများ ရေးသား၍ စာအုပ်ထုတ်ဝေခဲ့ပြီး၊ ၁၉၉၀ နှစ်များ၌ မြန်မာနိုင််ငံလုံးဆိုင််ရာ ရဟန်းပျိုအဖွဲ့ချုပ် အထွေထွေ အတွင််းရေးမှူးချုပ်တာဝန် ထမ်းဆောင်ဖူးသည့် အရှင်ဖြစ်သည်။ } 

 

           ဆရာမောင်ဆေးတိုက််မိသားစု
        ရန်ကုန််မှ ဆရာမောင် ဆေးတိုက်မိသားစုသည်် မိမိအား သားအရင်းသဖွယ် မောင်အရင်း သဖွယ် ဂရုစိုက်သော မိသားစုဖြစ််သည်။ မိမိနှင့်် ထိုမိသားစုသည်် ၁၉၆၁ခုနှစ် ကတည်းက သိကျွမ်းခဲ့ကြပြီး ထိုစဉ်က မိမိမှာ ၁၅နှစ်သား ကိုရင်ပေါက်စဖြစ််သည်။ ဆရာမောင်ဆေးတိုက််မိသားစုသည် မန္တလေးတောင်ပေါ်တွင်် ၁၉၆၁-ခုနှစ်က တန်ဆောင်းကြီးတဆောင်နှင့် ၁၉၆၅-ခုနှစ််တွင် ဆရာတော်ဦးဇောတိက သီတင််းသုံးရန် ကျောင်းတဆောင် ဆောက်လုပ်လှူဒါန်းပြီး ကတည်းက မိမိနေထိုင်ရာ မန္တလေးတောင်တွင် ကထိန်ခင်းလာခဲ့ရာ (၁၉၈၁) ခုနှစ််အထိ နှစ်ပေါင်း (၂၀) တိတိ    ကြာလေသည််။ ထိုမိသားစုသည် မိမိဆရာဖြစ်သော ဆရာတော် ဦးဇောတိက (အဂ္ဂမဟာပဏ္ဍိတ) အား အလွန် ကြည်ညိုကြလေသည်။ ထို့ကြောင့် ဆရာတော်ဦးဇောတိက ပျံလွန်တော်မူပြီးသည်အထိ မန္တလေးတောင်တွင် နှစ်စဉ်ဝတ်မပျက် လာရောက််ကထိန်ခင်းကြသည်၊ ကထိန်ခင်းလာပြီ ဆိုလျှင် ကားလေးငါးစီးနှင့် အလုပ်သမားများ၊ မိတ်ဆွေများ၊ မိသားစုများပါ လူ(၅၀)ကျော်ခန့်  တပျော်တပါးကြီး လာကြသည်။ သီတင်းကျွတ် လဆန်း(၁၄) ရက်နေ့ ညပိုင်းတွင် မန္တလေးတောင်သို့ ရောက််လေ့ရှိပြီး လပြည့်ကျော်(၂) ရက်နေ့တွင် ကထိန်ခင်းလေ့ရှိသည်။ ကထိန်မခင်းမှီနှင့် ခင်းပြီး နောက်တို့တွင် ကျောက်တော်ကြီးပွဲတော််နှင့် စစ်ကိုင်း၊ မုံရွာ စသောမြို့များသို့ ဘုရားဖူး တပျော်တပါးကြီး သွားလေ့ရှိရာ မိမိတို့လည်း အပါအဝင် ဖြစ််တော့သည်။ ကထိန်ခင််းပြီး သီတင််းကျွတ် လပြည့်ကျော် (၄) ရက်နေ့တွင်် ရန်ကုန််သို့ ပြန်ကြပြီး လမ်းတလျှောက် မြို့ရွာများရှိ ကထိန်မခင််းရသေးသော ကျောင်းများသို့ ၀င်ရောက်ကာ ကထိန်ခင်းလေ့ ရှိကြသည်။ ရှာမှရှားသော သာသနာ့မဏ္ဏိုင်, သာသနာ့ အနုဂ္ဂဟ မိသားစုများဖြစ််သည်။       

 မန္တလေးတောင််မှာနေစဉ် ကျောင်းရှိ ဆရာတော်် ၊ သံဃာတော််များအား တကာမကြီး  ဒေါ်အေးကျင် ကိုယ်တိုင််် ဦးစီးချက်ပြုတ််ပြီး ဆွမ်းကပ််လေ့ရှိသည်။ လူရော ရဟန်းပါ(၆၀)ကျော်စာ ချက်ပြုတ််ကျွေးမွေးရသည့်် တာဝန်သည်် သေးလှသည်် မဟုတ််ချေ။ တကာမကြီးများ ငါးပိကြော်သည်် အလွန်နာမည်ကျော်သော ငါးပိကြော် ဖြစ််လေသည်။ မိမိသည်် ထိုင်းနိုင်ငံမှာ နေစဉ်အတွင်းနှင့် ယခုု တိုရန််တိုမှာ နေထိုင််နေသည့်် အချိန်အထိ ထိုငပိကြော်ကို မှာစားတုံး ရှိသေးသည်။ ယခုတော့ ဒေါ်အေးကျင်၏ သမီးများဖြစ်ကြသော မိမိနှမအရင်းသဖွယ် ဖြစ်ကြသည့်် ချူးမောင်မောင် နှင့် ဥမ္မာမောင်မောင်တို့ ဖလော်ရီဒါမှာ ရောက်််နေကြသဖြင့် သူတို့ကဘဲ ငါးပိကြော်ကို ပို့ပေးကြသည်။ ယခုတော့ တကာကြီး တကာမကြီးများ ကွယ်လွန်ကြလေပြီ။ မိမိအပါအဝင် အားလုံးသည််  တနေ့ကျတော့ ဒီလိုဘဲ သေကြရအုံးမှာပါတကား………။
မြန်မာပြည််က နောက််ဆုံးဆွမ်း
        နိုင််ငံခြားသို့ ထွက််ခွာမည့် (၁၉၉၁) ခုနှစ်၊ ဂျူလိုင်လ(၁၅) ရက်နေ့တွင်် ဆရာမောင်မိသားစု  များနေထိုင််ရာ ချော်တွင်းကုန်းရပ်ကွက်ရှိ အင်းယားကန်စောင်း နေအိမ်သို့ ဂန္ဓာရုံ ကျောင်းဆရာတော်် ဦးဇနိယ၊ ဦးရာဇိန္ဒ၊ ဦးအာသဖ၊ ဦးစနိ္ဒမာတို့ နှင့်အတူ ဆွမ်းစားသွားကြသည်။ မိမိနိုင်ငံခြားသို့ မထွက်ခင် ဆွမ်းကပ်ခြင််းလဲဖြစ်သည်။ မိမိတို့အား ဆေးတိုက်မန်နေဂျာ ဦးကျော်မြင့်၊ စာရင်းစစ်က စောချစ်သိန်း၊ ဒရိုင်ဘာ ကိုလှမောင်တို့က လာပင့််ကြသည်။ ဆွမ်းစားအပြီးတွင် မိမိနိုင်ငံခြား ခရီးစဉ်အတွက် မြန်မာငွေ (၅၀၀၀) ကျပ် လှူလိုက်ကြသည်။ ရန်ကုန်သို့ မိမိကိစ္စဖြင့်သွားပါက မိမိအတွက်အဆင်ပြေအောင် မိမိတည်းခိုရာ ကျောင်းတိုက်သို့ ဒရိုင်ဘာ ကိုလှမောင်နှင့်အတူ ကားတစ််စီး ပို့ထားလေ့ရှိသည်။ ကိုလှမောင်သည်် တနေကုန် ကျောင်းမှာရှိနေပြီး သွားလိုရာသို့ လိုက်ပို့ပြီးမှ ပြန်သည်။ မန္တလေးသို့ အပြန််တွင်လဲ ပထမတန်း ရထားတွဲဖြင့် ပြန်စေလေ့ရှိသည်။ မိမိသာမဟုတ်် မန္တလေးတောင်မှ ဆရာတော် သံဃာတော်အားလုံးက ဂရုစိုက်လေ့ရှိသည်။ မိမိကတော့ တကာမကြီးများအား ဒုက္ခအပေးဆုံးဖြစ်သည်ဟု ဆိုရပေမည်။
မစားလိုက််ရသော ဆွမ်းတနပ်
         ထိုနေ့နံနက်က မိုးသည််အတော်သဲသဲမဲမဲကြီးက ရွာချနေသည်၊ ထိုနေ့ နေ့ဆွမ်းက မိမိတို့ မန္တလေးတောင် ပုံနှိပ်တိုက်မှ Machinist ဦးတင်မောင်တို့ အိမ်သို့ သွားစားရန် ပင့်ပြီးသားဖြစ််သည်။ ဦးတင်မောင် ဇနီးသည်် မိုးကုတ်သူဖြစ််သည့်အတွက် ရှမ်းထမင်းချဉ် ကောင်းကောင်း လုပ်တတ်သည်။ မန္တလေးသို့ လာသောအခါတိုင််း မိမိအား ရှမ်းထမင်းချဉ်အဆုပ်ကို ငါးခြောက်ကြော် (သို့) ပုဇွန်ခြောက်ကြော် ပဲပုပ်ကြော််၊ ရှမ်းနံနံတို့ုဖြင့် ကပ်လေ့ရှိသည််။ ရှမ်းစာ၊ တရုပ််စာ မှန်သမျှ အကုန်ကြိုက်သည်။ မိမိနေထိုင််သည့်် ကျောင်းတွင်် ပဲပုပ်ပြား၊ ဆီတို့ဟူးတို့ အမြဲတမ်းရှိသည်၊ ပဲပုပ်နှင့် ဆီတို့ဟူးက လဘက်ရည်နှင့် မြည်််းသည်။ ထိုအကြောင်းတကာတွေ သိသဖြင့် နိုင််ငံခြားက မသွားခင် ရှမ်းထမင်းချဉ်သုပ် ကပ်ချင်ပါသည််ဟု လျှောက်သဖြင့် မိမိနှင့် ဂန္ဓာရုံကျောင်းဆရာတော်များ ဆွမ်းစားသွားကြရန် ပြောပြီးဖြစ််သည်။ ဒါပေမဲ့ လေယာဉ်လက်မှတ်ထဲမှာပါတဲ့ အချိန်အတိုင််း လေဆိပ်ကသွားရတာဆိုတော့ ဆွမ်းစား မသွားတော့ပဲ ဖျက်လိုက်ရပါတော့သည်။ လေဆိပ်သို့အသွား ရွှေဂုံတိုင်အဝိုင်းရှိ တကာဦးတင်မောင်တို့အိမ်သို့ မိုးသဲနေသည့််ကြား ကားပေါ်မှပင် လက်ပြနှုတ်ဆက်ကာ ထွက်ခွာခဲ့ရပါတော့သည်။ စိတ်မကောင်းပါဘူး တကာ ဦးတင်မောင်……..။

 ရန်ကုန်််မိုး
        ရန်ကုန််မိုးသည်် ပြောစအမှတ််ပြုရလောက်အောင်် ရွာချင်ပြီဆိုလျှင် ဗြုန်းကနဲ ရွာချလိုက််ပြီး တိတ်ချင်ပြီဆိုတော့လဲ ဗြံုးကနဲပင်် တိတ်သွားတတ်လေသည်။ ဒါကြောင့် အညာစာရေးဆရာများက မျက်နှာများသော မိန်းကလေးများကို ရန်ကုန််မိုးနှင့် နှိုင်းခိုင်းတတ်ကြလေသည်။ ချစ််ချင််ရင် ဗြုန်းကနဲချစ်လိုက််ပြီး မုန်းချင််တော့လဲ ဗြုန်းကနဲ မုန်းသွားတတ်ကြသည်တဲ့။ ရန်ကုန််သူတွေလဲ ဒီလိုပဲလား မသိပါဘူးနော်။ မိမိတို့ မန္တလေးတောင််သို့ စာရင်းစစ် အရာရှိ ဦးသန်းရင်တို့ မိသားစုနှင့် ဦးလှအေးဆိုသော လူပျိုကြီးတို့ တနှစ််ခန့် လာရောက််် နေထိုင််သွားကြရာ ဘယ်သွားသွား ထီးက ပခုံးမှာ ချိတ်ထားသဖြင့် မိမိတို့ မန္တလေးသားများအဖိို့ အထူးအဆန်း ဖြစ််နေတော့သည်။ မိမိတို့ မန္တလေးမှာ ဘယ်သွားသွား မိုးတွင််းမှှာ ထီးကိုယူလေ့မရှိချေ။ နွေအခါတွင််သာ ယူလေ့ရှိသည်။ မန္တလေးက ပူတယ်မဟုတ််လား။ ပြီးတော့ အညာမိုးဆိုတာ သဲရင် သဲသဲမဲမဲကြီးက ရွာချတတ်တယ်။ ရွာပြီဆိုရင်လည်း တော်တော်နှင့် မတိတ်တတ်ဘူး။ ဒါကြောင့် စာရေးဆရာများက အညားသားများရဲ့ အချစ််ဟာလဲ ချစ််ပြီဆိုရင် သဲသဲမဲမဲကြီး ပဲတဲ့။ ရန်ကုန််မိုးလို မဟုတ််ဘူးပေါ့။ 

 ကျောခိုင်းထွက််ခွာ ပြည်မြန်မာ
        မိုးအကြောင်း ပြောရင်းကနေ အချစ်အကြောင်း ရောက််သွားပြန််ပြီ။ လေဆိပ်သို့သွားကာ ပြန််စကြအုံးစို့။ နံနက်(၆) နာရီမှာ မိမိတည််းခိုရာ ရန်ကုန််မြို့ ကြည့်မြင်တိုင် ဥယျာဉ်တိုက် ဂန္ဓာရုံကျောင်းသို့ မိမိတကာများဖြစ််သော ဆရာမောင်ဆေးတိုက််မှ ကိုလှမောင်နှင့် ဆေးတိုက်မန်နေဂျာ ကိုကျော်မြင့့်တို့ ရောက်ရှိလာကြသည််။ ယူစရာရှိသည်များကို ကိုကျော်မြင့့်တို့အား ပေးပြီးနောက်် ဆရာတော်် ဦးဇနိယအား ကန်တော့နှုတ်ဆက်လိုက်သည််။ ထို့နောက်် မိမိ၏ နောင်တော်ကြီးများသဖွယ် အားကိုးအားထား ပြုရသော ဘုန်းကြီး ဦးအာသဖ၊ ဦးစန္ဒိမာ တို့နှင့်အတူ လာကြိုကြသော ကားပေါ်သို့ တက်လိုက်််််သည်။ ကားသည်် ဂန္ဓာရုံကျောင်းမှနေ ရန်ကုန််လေဆိပ်ဆီသို့ ဦးတည်ထွွက်ခွာလိုက်သောအခါ ကျောင်းအဝမှနေ၍ သံဃာတော်များ လက်ပြ ကျန်ရစ်ခဲ့ကြလေသည််။ 

 

မြို့တော်ဟောင်း ရန်ကုန်လေဆိပ်
        မိမိသည်် လည်ပြန်တစ်ချက် ပြန်ကြည့်ပြီးနောက်် လက်ပြနှုတ်ဆက်ခါ ကိုလှမောင်၊ ကိုကျော်မြင့့်၊ ကိုစောချစ််သိန်း၊ ဘုန်းကြီးဦးအာသဖ၊ ဘုန်းကြီးဦးစန္ဒိမာတို့နှင့်အတူ လေဆိပ်သို့ ဦးတည််ထွက်ခွာလာခဲ့ကြပါသည်။ နံနက််စောစောမို့ ရန်ကုန််-မင်္ဂလာဒုံလမ်းမကြီး တစ််လျှောက် ကားရှင်းနေသည်။ ကိုကျော်မြင့့်က ရယ််စရာကား ပြောတတ်သူမို့ တဝါးဝါးဖြစ််နေအောင် တလမ်းလုံး ပြောလာသည်။ မိမိနှင့် စောချစ််သိန်း၊ ကိုလှမောင်တို့က နားထောင်ရင်းလိုက်ပါလာကြရာ မကြာမှီ လေဆိပ်သို့ ရောက်ရှိကြပြီး နားနေခန်းသို့ သွားပြီးနောက် ပစ္စည်းများ ချကာ ဆရာဦးချစ်စံဝင််းတို့ မိသားစုက စောင့်နေကြပါသည်။ စောင့်နေရင်း စိတ်က ဂန္ဓာရုံကျောင်းဆီသို့ ပြန််ရောက််သွားသည်။ ဆရာတော်ဦးဇနိယအား ကန်တော့နှုတ်ဆက်သောအခါ ဆရာတော်က “ ကျန််းကျန််း မာမာ ချမ်းချမ်းသာသာနဲ့ လိုရာခရီးရောက်ရှိပါစေ”လို့ ဆုပေးပြီးနောက်် “အေး နိုင်ငံခြားမှာဘဲ ပျော်အောင််နေ၊ မြန်မာပြည်ကို ပြန်လာဘို့ ဘယ်တော့မှ စိတ်မကူးနဲ့” ဆိုပြီး “ရော့ ဒီမှာ  ပတ်ကား(၇၅) ဖေါင်တိန် အမှတ်တရ ယူသွား” ဟုဆိုကာ ပေးလိုက်ပါသည်။  

            ထိုတွေ့ဆုံခြင်းသည်် ထိုဆရာတော်နှင့် နောက််ဆုံးတွေ့ခြင်းဖြစ််သည်ဟု ထိုစဉ်က မစဉ်းစားမိခဲ့ပေ။ မိမိအတွေးထဲမှာ နစ်မြောနေစဉ် ဆရာဦးချစ်စံဝင်းတို့ မိသားစု ရောက််လာကြသည်။ ဆရာဦး ချစ််စံဝင်းသားအကြီး မောင်နေဦးက မိမိနှင့်အတူ ထိုင််းနိုင်ငံ ဘန်ကောက်မြို့သို့ လိုက်ပါမည့်သူဖြစ်သည်။ နိုင််ငံခြားသို့ ထွက်ခွာမည့့်် ခရီးစဉ်ကလည်း ဆရာဦးချစ််စံဝင််းကပင်် စီစဉ်ပေးခြင််းဖြစ််သည်။ ပြုလုပ်စရာရှိသည််များ ပြုလုပ်ပြီးစီးပြီးနောက်် မှတ််တမ်းတင်် ဓါတ်ပုံရိုက်ကြပါသည်။ ဆရာဦးချစ််စံဝင််းက မှာစရာရှိသည်များက မှာကြားပြီးနောက်် လေယာဉ်ပေါ်သို့တက်ရန် အခြားခရီးသည််များနှင့်အတူ ထွက််ခွာလာခဲ့ကြပါသည်။ ဆရာဦးချစ််စံဝင်း၊ ဒေါ်မော်မော်နှင့်သားငယ်၊ ကိုကျော်မြင့််၊ ကိုစောချစ််သိန်းနှင့် ကိုလှမောင်တို့က အခန်းဝတွင်် နှုတ်ဆက်ကာ ကားပေါ်သို့ အခြားခရီးသည််များနှင် ့အတူ တက်ခဲ့ကြပါတယ််။

            လေယာဉ်ပေါ်သို့ ရောက်ပြီးနောက်် ခဏအကြာ နံနက် (၈း၃၀) နာရီ အချိန်တွင် မြန်မာနိုင််ငံလေကြောင်း (B.A.C) လေယာဉ်သည် မိမိတို့ကို တင််ဆောင်ကာ ထိုင််းနိုင်ငံ ဘန်ကောက််မြို့တော်သို့ ဦးတည််ထွက််ခွာခဲ့လေသည်။ လေယာဉ်ပေါ်မှနေ၍ ရွှေတိဂုံစေတီတော်ကြီးကို လက်အုပ််တင််ချီ အဥ္ဇလီဖြင့် ကန်တော့လိုက်ပါသည်။ ဤခရီးသည််ကား အမိမြန်မာနိုင််ငံသို့ နှစ််ပေါင်းတော်တော်         ကြာအောင် ပြန််ရောက််တော့မည့့်် ခရီးမဟုတ််သည်ကိုတော့ ထိုစဉ်က မိမိကိုယ်တိုင်် မသိခဲ့ပါချေ။

         မိမိနှင့်ထိုင််ခုံ တစ််ခုထဲတွင်် ဆရာဦးချစ််စံဝင််းသား မောင်နေဦးရှိနေပြီး ရှေ့တန်းထိုင််ခုံတွင်် စကတ််အတိုဝတ်ထားသော အမျိုးသမီးနှင့် အခြားတယောက်ကို တွေ့ရသည်။ အမျိုးသမီး၏ ၀တ်စုံသည်် မိမိတခါမှ မမြင််ဘူးသေးသော ယူနီဖေါင်းပုံစံမျိုး (Suit) ၀တ်စုံဖြစ််နေသဖြင့် မြန်မာအမျိုးသမီး မဟုတ််တန်ရာဟု စိတ်ထဲမှာ တွေးနေမိတော့သည်၊ လေယာဉ်မယ်ကြောင့် အတွေးစ ပြတ်သွားပြီးနောက်် ၀ိှုက်ကဒ် (White Card)တွင်် ရေးစရာ ဖြည့်စရာများ ဖြည့်ရာတွင်် မောင်နေဦးနှင့် မိမိတို့ ပထမဆုံး အတွေ့အကြုံဖြစ််နေသဖြင့် တချို့စာပိုဒ်များ မည့်််ကဲ့သို့ ဖြည့်ရမည့်််် မသိချေ။ သို့နှင့် ရှေ့တန်းထိုင််ခုံတွင်် ထိုင်လျှက်ရှိသော စကတ်ဝတ် တကာမကို အင်္ဂလိပ်ဘာသာဖြင့် အကူအညီတောင်းရသည်။ အဲဒီတော့ တကာမက်ို “သူမဟာ ဗမာပြည်က ဗမာမစစ်စစ်ပါ။ ယိုးဒယားမှာ အလုပ်လုပ်ပါတယ်၊ လင်းပင်ထိပ်တင်ရဲ့ ညီမပါ” လို့ မိတ်ဆက်စကားပြောကာ White Card ဖြည့်ပုံကို ပြောပြပါတယ််။
နိုင််ငံခြားသွားတာ ကြောက်စရာလား
            နိုင််ငံခြားခရီးအဖြစ်် ၁၉၈၇ နှစ်ကထွက််ခွာခဲ့ဘူးပေမဲ့ ခရီးစဉ်ကမတူပါဘူး။ သိပ်ခြားနားပါတယ််၊ အယင်ခရီးစဉ််က အစိုးရအစီအစဉ်နဲ့ သွားရတာဆိုတော့ မိမိတို့ကိုယ်တိုင််က ဘာမှလုပ်စရာမလိုပါဘူး။ တိုးရစ်ဂိုက်တွေက အကုန်လုံးဒိုင်ခံ လုပ်သွားတာပါ။ အဲဒီလိုလုပ်ခဲ့တဲ့အတွက်လဲ ကိုယ်တိုင််ကိုယ်ကျ လုပ်ရမယ်ဆိုတော့ ဘာမှမလုပ်တတ် မကိုင်တတ်ဖြစ်််သွားတာပါ။ ရေသာခိုတယ်ဆိုတာ ဘယ်တော့မကောင်းဘူးလို့လဲ စိတ်ထဲမှာ တွေးမိပါတယ််။ ဒီခရီးစဉ်် အစကတည်းက သိသင့်တာ သိထားရအောင်ဆိုပြီး လေဆိပ်များက ဖြတ်ကျော်််ပုံတွေ ရေးသားထားကြတဲ့ ကောင်းနိုးရာရာ စာအုပ်တွေက ဖတ်ပြီးသားပါ။ ဒါပေမဲ့ တကယ်လက်တွေ့နဲ့စာတွေ့ အလွန််ဘဲ ကွာခြားလှပါတယ််။ ဆရာဦးချစ််စံဝင််းကလဲ လေဆိပ်ထဲမှာ တဖွဖွနဲ့ မှာလို့က မပြီးပါဘူး။ အလွန််စိတ်ပူတတ်တာ တွေ့ရပါတယ််။ မကြာခင်မှာ လေယာဉ်မယ်က နံနက်စာ လာကပ်ပါတယ််၊ မောင်နေဦးနဲ့ နှစ််ယောက်သား စားကြပါတယ်၊ တချို့ဟာ ဘယ်လိုစားရမှန်းမသိလို့ ရှေ့တန်းက အမကြီးတို့ စားနေကြတာကို ခိုးခိုးကြည့်ကြရပါတယ််။

 
ခရီးသွားတွေနဲ့ အမြဲတမ်း ပျားပန်းခတ်နေတဲ့ ဒွန်မောင်းလေဆိပ်

            လေယာဉ်ပျံဟာ ထိုင်းနိုင်ငံထဲ ၀င််လာလေလေ မြင်ကွင်းတွေက ပြောင်းလာလေလေပါဘဲ။ လှပသော အဆောက်အအုံများနဲ့ အကွက်ကျကျ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေဟာ မြင််ရသူရဲ့ စိတ်ဘဝင်က အေးမြစေပါတယ််။ ပျံသန်းချိန် တနာရီကြာတော့ မိမိတို့စီးနင်းလိုက််ပါလာတဲ့ မြန်မာ့လေကြောင်း လေယာဉ်ဟာ ဘန်ကောက််လေဆိပ်က ချောမောစွာနဲ့ ဆိုက်ရောက််ပါတယ််။ မိမိတို့ လေယာဉ်ပျံဟာ တခြားလေယာဉ်တွေဆင််းတဲ့ လေယာဉ်ပြေးလမ်းပေါ်မှာ မဆင််းဘဲ စစ်တပ်လေယာဉ်ပျံများ ရပ််နားထားရာ လေယာဉ်ကွင်းမှာ ဆိုက်ပါတယ််။ ပြီးမှ ကားနဲ့တဆင့်် အင်မီဂရေးရှင်း(လ.၀.က) ရှိရာကို သွားရပါတယ်။ မိမိက ဘာကြောင့် အများတကာတွေ ဆင််းတဲ့ နေရာမှာ မဆင််းဘဲ ဒီဝေးတဲ့နေရာမှာ ဆင််းရတာလဲလို့ တွေးနေမိပါတယ်။ အဖြေထွက်မလာပါ။
 စစ်ဗိုလ်ကြီးတွေ မှတ််လို့
        လာကြိုတဲ့ကားပေါ်က တက်လိုက် ကတည်းက သက်ဆိုင်ရာတွေက ဘုန်းကြီးကို ပထမဦးစား ပေးပြီးနေရာပေးပါတယ်၊ အလွန်လဲယဉ်ကျေးပါတယ်၊ ကားပေါ်ကဆင််းရာမှာလဲ ဘုန်းကြီးကိုသာ ပထမဆုံးဆင််းစေပါတယ်၊ ဒါနဲ့ အင်မီဂရေးရှင်းကို ရောက်ကြပါတယ်။ သူများတကာတွေလုပ်တာ လိုက်ကြည့််ပြီး မိမိတို့လဲ တန်းစီလိုက်ကြပါတယ်၊ ဆရာဦးချစ်စံဝင်းရဲ့ မှာကြားချက်အတိုင်း လူအနည်းဆုံးအတန်းမှာ ၀င်စီလိုက်ကြပါတယ်။ ရင်ထဲမှာလဲ တုန်သလိုလို ခုန်သလိုလိုနဲ့ တမျိုးကြီးဖြစ််နေပါတယ်။ လေဆိပ်ချင််းကိုက မတူဘဲကိုး။ မိမိတို့ ရန်ကုန်််လေဆိပ်က သေးသေးလေး။ ခုလေဆိပ်က အကြီးကြီး။ နိုင််ငံခြားသွားတာ နဂိုရ် ကတဲကမှ ကြောက်စရာကောင်းတယ်လို့ ထင်ထားတာ မဟုတ််လား။ တွေးတုံးရှိသေးတယ်၊ စစ်ရောင််ယူနီဖေါင်းဝတ်စုံ သပ်သပ်ရပ်ရပ််နဲ့၊ ပခုံးမှာလဲ ဘားတွေ ဒေါက်တွေနဲ့ စစ်ဗိုလ်တယောက်ဟာ မိမိထံက ပြေးလာပြီး လက်ထဲမှာ ကပ််ဆွဲထားတဲ့ မိမိရဲ့ သားရေအိပ်ကို ရိုသေစွာနဲ့တောင်းယူပြီး သူ့နောက်ကလိုက်ခဲ့ဘို့ သီးသန့်အပေါက်မှ ပင့််သွားပါတယ်၊ ပြီးတော့ ကုလားထိုင်ပေါ်မှာ နေရာပေးပါတယ်၊ မိမိရဲ့ ပတ်စ်ပို့ ကိုတောင်းယူပြီး မေးမြန်းခြင််းတောင််မပြုဘဲ ဗီဇာကြိုတင် ယူလာတဲ့အတိုင််း (၃)လ ရိုက်ပေးလိုက်ပါတယ််။ တသက််မမေ့နိုင််အောင်ကို ယဉ်ကျေးလှပါတော့တယ်။ မိမိကိစ္စက အလွယ်တကူနဲ့ပြီးသွားပေမယ်လို့ မောင်နေဦးက တော်တော်နဲ့ ထွက်မလာပါဘူး။ မိမိတစ်ပါးတည်း လေဆိပ်ထဲမှာ ထိုင်စောင့်နေရပါတယ်၊ လေဆိပ်ကကြီးသလို သန့်ရှင်းသပ်ရပ််ပြီး သန့်ရှင်းရေး လုပ်တဲ့သူတွေကအစ ဘားတွေ ဒေါက်တွေနဲ့ဆိုတော့ အထင်ကြီးမိတာပေါ့။ တို့ဆီက လေဆိပ်မှာ ဒါမျိုးတွေ ဘာလို့မရှိကြတာလဲလို့ တွေးနေမိပါတယ်၊ မိနစ်(၂၀) လောက်ကြတော့ မောင်နေဦး ရောက််လာပါတယ်၊ နှစ်ယောက်သား (Arrival Hall) ထဲမှာ အခြားသူတွေရဲ့ ထွက်အလာကို စောင့်နေရင်း မမြင်ဘူးသေးတဲ့ မြင်ကွင်း၊ မတွေ့ဘူးသေးတဲ့ အတွေ့အကြံုတွေကို တဝကြီး ထိုင်ပြီးကြည့်ရင်း ငေးမောနေလိုက်ကြပါတယ်။ အင်း …. တို့ဆီမှာ ဘာဖြစ််လို့ ဒီလို အဆောက်အအုံတွေ မရှိရတာလဲလို့လဲ တယောက်နဲ့ တယောက် မေးမိကြပါတယ်၊ နာရီဝက် ကျော်ကျော်လောက််ကြတော့ အခြားမြန်မာခရီးသည််တွေ ထွက််လာကြပြီမို့ မိမိတို့ သူတို့နောက်က ရောယောင်ပြီး လိုက်ခဲ့ကြပါတယ်။ အပြင်ကတော့ စမ်းတဝါးဝါးနဲ့ ထွက်လာကြပါပြီ။ Custom နဲ့ Duty Free ဆိုင်တွေကို ကျော်ပြီးနောက်် ဖွင့်ထားတဲ့ တံခါးပေါက်တွေထဲက ကိုယ်ကြိုက််တတ်ရာ တံခါးပေါက်ကနေ နှစ််ယောက်သား ထွက်လိုက်ကြပါတယ်၊ ခန်းမကြီးထဲမှာ လာကြိုနေတဲ့လူတွေ တသီတတန်းကြီး တွေ့လိုက််ရပါတယ်၊ နောက်် ဆရာဦးချစ််စံဝင််း မှာထားတဲ့အတိုင််း လကျ်ာဘက်ကို ထွက်ခဲ့ကြပါတယ်၊ ဟော…။ တွေ့ပြီဆိုသော မောင်နေဦး၏ အသံကြောင့် မိမိလဲ တချက် လှည့်ကြည်လိုက်ပါတယ််၊ ဒေါ်မော်မော်နဲ့ ရုပ်ခြင်းတူတဲ့ အမျိုးသမီးတဦးကို တွေ့ရပါတယ်၊ သူတို့ကဘဲ မိမိတို့နှစ််ယောက််အတွက် စပွန်ဆာလုပ်ပေးတာပါ။ အပေါ်ထပ်က ဓါတ်လှေကားနဲ့ တက်လိုက်ကြပြီးနောက်် စောင့်နေသော ကားပေါ်သို့ တက်ခဲ့ကြကာ ဘန်ကောက််မြို့တွင််းသို့ ထွက်ခဲ့ကြပါတော့တယ်။       
ကားသိပ်ကြပ််တဲ့ ဘန်ကောက််
            ထိုစဉ် ဘန်ကောက််မြို့တော််ဟာ ယခုုလောက်် အဆောက်အဦတွေ မများသေးပါဘူး။ မိုးပျံလမ်းမတွေလဲ မရှိသေးပါဘူး။ ဒါကြောင့် မိမိတို့ကားဟာ ဦးကောဏ္ဍည သီတင်းသုံးနေထိုင်တဲ့  ၀ပ်မဟာထာ့ ကျောင်းတိုက်သို့ တော်တော်နဲ့ မရောက်််နိုင်ကြပါဘူး။ တရွေ့ရွေ့နဲ့ ရပ်လိုက်် မောင်းလိုက််နဲ့ လာလိုက်ကြတာ (၂၅) မိုင်ခရီးက (၂)နာရီကျော်ကျော် ကြာမောင်းပြီးမှပဲ ခေတ္တတည်းခိုမည့် ၀ပ်မဟာထာ့ ကျောင်းတိုက်သို့ရောက်ရှိကြပါတော့တယ်၊ မိမိအဖို့ မှာတော့ မြင်ကွင်းတွေဟာ အထူးအဆန်းတွေကြီးဘဲ ဖြစ််နေပါတယ်။ ကျောင်းတိုက်အဆောက်အဦပုံစံ၊ သံဃာတော်တွေရဲ့ ပုံပန််းသဏ္ဍာန်တွေဟာ တော်တော့််ကို ထူးဆန်းအံ့ဩစရာ ကောင်းလောက်အောင်် သပ်သပ််ရပ်ရပ် ဖြစ််နေတာတွေ့ရပြီး ထိုင်းသံဃာတော်များဟာ ကျောင်းတွင်းမှာ  သင်္ကန်းကို လက်ကန်တော့ထိုးကာ (၂) ပါးတစ််တွဲ (၃) ပါးတစ််တွဲစသည််ဖြင့် သူ့အုပ်စုနဲ့သူ သွားလာနေကြတာတွေ့ရပြီး တစ််ချို့ကြတော့လဲ အံသကက်သာ ၀တ်ထားတာတွေ့ရပါတယ််။ 

 ကျေးဇူးရှင်မိတ်ဆွေ
        ၀ပ်မဟာထာ့ကျောင်းတိုက် မိုင်နိမ်(၁-နံပါတ်အဆောင််) သို့ ရောက်ရှိကြပြီးနောက်  ဒေါ်မော်မော့်ညီမကို မိမိနှင့် မောင်နေဦးတို့အား ဦးကောဏ္ဍညနှင့် မိတ်ဆက်ပေးပါသည်။ မိမိကလဲ ပါလာသော မန္တလေးမြို့ ကျောင်းထိုင််ဘုန်းကြီးသင်တန်း ကျောင်းအုပ်ဆရာတော််ဦးကေသဝ၏ မိတ်ဆက််စာကို ပေးလိုက်ပါသည်။ ဦးကောဏ္ဍညက စာကိုဖတ်ပြီးနောက်် ပြုံးရွှင်ဖေါ်ရွေစွာဖြင့် ဘာမှအားမငယ်နဲ့ တပည့်တော်ကူညီစရာရိုှတာ အကုန်ကူညီပေးမယ်ဟု ပြောပြီး ဘုန်းကြီးဦးကေသဝ နှင့် သူဟာ တရွာတည်းသား။ ပြီးတော့ ဆွေမျိုးလဲ တော််စပ်သေးပါကြောင်း အရှင်ဘုရားနှင့် ခင်သလား ဟုမေးပါတယ်၊ မိမိက ခင်ရုံမက လုပ်ဖေါ်ကိုင်ဘက်တွေဖြစ်ကြောင်း၊ ပြီးတော့ မိမိတို့ရဲ့ ငယ်ဆရာဘုန်းကြီးရဲ့ တပည့်လဲဖြစ််ကြောင်းတို့ကို ပြောပြလိုက်ပါတယ်။

            ဒေါ်မော်မော့်ညီမ ဒေါ်ပြုံးပြံုးကျော်ဟာ မိမိကို ဦးကောဏ္ဍညထံမှာ အပ်ပြီးနောက် သူမရဲ့တူ မောင်နေဦးကိုခေါ်ပြီး ပြန််လည်ထွက််ခွာသွားပါတယ််၊ ထူးဆန်းသည််မှာ ထိုနေ့မှစ၍ မောင်နေဦးနှင့် မိမိတို့ နောင်ဘယ်သောအခါမှ ပြန််လည် မဆုံဖြစ််တော့ခြင််းပင် ဖြစ််ပါသည်။ နောက်ပိုင်းတွင် မောင်နေဦး ကွယ်လွန်သွားကြောင်း ကြားသိရသဖြင့် များစွာစိတ်မကောင်းခြင်း ဖြစ်မိပါတော့၏။ မောင်နေဦးသည်် ထိုင်းနိုင်ငံမှာ အတော်ကြာကြာနေပြီးနောက်် မပြီးသေးသော ဆေးတက္ကသိုလ်သင်တန်းကို တက်နေရင်း ကွယ်လွန််သွားခြင်းဖြစ််သည််ဟု သိရသည်။ ဆရာဦးချစ််စံဝင်းမှာ မောင်နေဦးက သားကြီးမို့ အရိပ်တကြည့််ကြည့်နဲ့ ကြည့်နေသောသူ ဖြစ််သည့််အတိုင််း မောင်နေဦးကွယ်လွန််သောအခါ လွန်စွာမှ ခံစားရသည််ဟု ဆိုပါသည်၊

            မိမိတို့ ဘန်ကောက််လေဆိပ်သို့ ရောက်ရှိသောအချိန်မှာ ဘန်ကောက််စံတော်ချိန် (၃း၁၅) နာရီတွင်ဖြစ််ရာ လမ်းမှာ ကားကြပ်််ဖြင့် ၀ပ်မဟာထာ့သို့ ညနေ (၅း၄၅) နာရီလောက််မှ ရောက််ခြင်းဖြစ်ရာ ဒေါ်ပြုံးပြုံးကျော်တို့  တူအရီး ပြန်သွားကြပြီးနောက် ဘယ်မှမသွားတော့ပဲ နားနေရန် ဘုန်းကြီး ဦးကောဏ္ဍညက မိမိအားပြောပါတယ်၊ နောက််တနေ့ ဂျူလိုင်လ(၁၈) ရက်နေ့မနက်ကျမှပဲ မြဘုရားသို့ သူကိုယ်တိုင််လိုက်ပို့ မည်ဖြစ်ကြောင်းလဲ ထပ်မံပြောကြားထားပါတယ်၊ ဦးကောဏ္ဍညသည်် မိမိကို အလွန််ကူညီခဲ့သူ ဖြစ်သောကြောင့် မိမိကလဲ သူ့ကို အလွန််မှပဲ ခင်မင်မိပါတယ်၊ နောင်တနေ့တွင် ဦးကောဏ္ဍညအား ကျေးဇူးပြန််ဆပ်ရမည်ဟုလဲ စိတ်ထဲမှာ တွေးထားမိပါတော့တယ်။

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here