မြန်မာနိုင်ငံ ပညာရေးနှင့် ဒီမိုကရေစီ

ထွန်းထွန်းအောင်
ဒေါက်တာ သိန်းလွင်က မြန်မာနိုင်ငံ ပညာရေးနှင့် ဒီမိုကရေစီအကြောင်း ကို စာအုပ်တစ်အုပ် ရေးသည်။ မြန်မာနိုင်ငံ ပညာရေး အခြေအနေသုံး သပ်ချက် နှင့် အနာဂတ်အတွက်ပညာရေး အကြံပြုချက်များ ပါ၀င် သည်။

ဤစာအုပ်ကိုဖတ်ရှုရာတွင် တခုသတိပြုမိသည်မှာ မြန်မာနိုင်ငံ ပညာ ရေးအတွက် အကြံပြုချက်များ ဟုဆိုထားပေမဲ့ အခြေခံပညာ မူလတန်းမှ အထက်တန်း အထိသာ ပါ၀င်သည်။ အခြား အဆင့်မြင့် ပညာ၊ အသက် မွေးဝမ်းကြောင်း ပညာရပ် ဆိုင်ရာ ပညာရေးတို့ အတွက် ဆွေးနွေးထားခြင်းကို မတွေ့ရပေ။ 

 

ယခု ထုတ်ဝေသော စာအုပ်တွင် ဒေါက်တာသိန်းလွင်၏ ပညာရေးစာ တမ်းနှစ်စောင်ကို စုပေါင်း၍ ထုတ်ဝေခြင်း ဖြစ်ပါတယ်။ ပထမစာတမ်း တွင် လွတ်လပ်ရေးမတိုင်မီကာလပညာရေး ၁၉၄၅ ခုမှ ဒီမိုကရေစီ လှုပ်ရှားမှုကာလပညာရေး ၂၀၀၀ ခုနှစ်ထိဖော်ပြထားပါတယ်။ သည့် အပြင် သင်ရိုးညွှန်းတမ်းပြောင်းလဲမှုများ၊ စာမေးပွဲစစ်ဆေးခြင်း၊ ဆရာ၊ ဆရာမများ၏ ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းမှု စသည့် ကိစ္စ များ ကိုပါ ဆွေးနွေးထားတာကိုတွေ့ရပါသည််။ ထိုပထမစာတမ်းသည် ဒေါက်တာသိန်းလွင်၏ ပါရဂူဘွဲ့ယူရန် အတွက် တင်သွင်း သော ကျမ်း ၏ အပိုင်းတပိုင်းဖြစ်ပြီး ၁၉၉၉ ခုနှစ်က ရေးသားခဲ့သည်။

ဒုတိယ စာတမ်းမှာ မြန်မာနိုင်ငံပညာရေးနှင့် ဒီမိုကရေစီ ဒေသအလိုက် ပညာရေးလွတ်လပ်ခွင့်နှင့် စာသင်ခန်းအဆင့် ပညာရေး ပြုပြင်ပြောင်းလဲမှု တို့ကို ဆွေးနွေးထားပါတယ်။ ထိုစာတမ်းကို ဒေါက်တာသိန်းလွင် နှင့် သူ၏လုပ်ဖော်ကိုင်ဖက်များ၏ (၇) နှစ်တာ ပညာရေး လုပ်ငန်းများကိုဖော်ပြထားပါတယ်။ ဒေါက်တာသိန်းလွင် သည် အမေရိကန်အခြေစိုက် ‘ဒီမိုကရေစီအရေးအတွက် အမျိုးသား ကူညီရေးအဖွဲ့ (NED)’ ၏ အစီအစဉ်ဖြင့် ၂၀၀၇ ခုနှစ် မတ်လမှ ဇူလိုင်လအတွင်း အမေရိကန်နိုင်ငံသို့ သွားရောက်၍ အမေရိကန် ပညာရေးစံနစ်နှင့် စာသင် ကျောင်းများကို လေ့လာခွင့် ရရှိခဲ့ပါသည််။ အဆိုပါ ဒီမိုကရေစီရေပညာရေး လေ့လာချက်နှင့် မြန်မာနိုင်ငံ ဒေသ အသီးသီး၏ လက်ရှိပညာရေးအခြေအနေတို့ကို အခြေခံ၍ မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအတွက် အကြံပြု ချက်များ ရေးသား ထားခြင်းဖြစ်ပါသည််။

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here