ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်

ကပ်ဘေးကိုကျော်လွန်ဖို့ ကန့်ကွက်မဲပေးကြစို့

ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ၏

ထုတ်ပြန်ချက်

(၃/၂၀၀၈)

(၁၀-၅-၂၀၀၈)

 

 

 

(၁) ပထမဆုံးအနေနဲ့ နာဂစ်မုန်တိုင်းဒဏ်ခံ ပြည်သူများနည်းတူ ဗမာပြည်ကွန်မြူနစ်ပါတီက  လှိုက်လှဲဝမ်းနည်း ရပါကြောင်း ဖေါ်ပြလိုတယ်။

(၂) ဒီအချိန်ဟာ တမျိုးသားလုံးအတွက် အမင်္ဂလာအချိန် အမင်္ဂလာကာလ ဖြစ်တယ်။  ကပ်ဘေးဒဏ်သင့် ပြည်သူတွေ ကယ်ဆယ်ကူညီရေး လုပ်ငန်းကို ဦးစားပေး ဇောက်ချ  လုပ်ရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေကို လျစ်လျူရှုပြီး ဒီနေ့မှာပဲ နအဖက  သူ့စစ်အာဏာ တရားဝင်ဖြစ်ရေး တခုတည်းကိုသာ ရည်စူးပြီး ဆန္ဒခံယူပွဲ လုပ်လိုက်တယ်။  အနာဂတ်ကာလတခုလုံး အမှောင်ဖုံုးအောင် လုပ်လိုက်ခြင်းပါဘဲ။ မဲဆန္ဒရှင်ပြည်သူတွေဟာ  နည်းမျိုးစုံ အကွက်ချ ညစ်ပတ်တာ ခံနေကြရတယ်။ ဘာပဲဖြစ်ဖြစ် ဘဝနဲ့ရင်းပြီး ပြည်သူတွေ  ဆန္ဒမဲပေးနေကြပါပြီ။

(၃) စစ်အစိုးရရှိနေသမျှ ဒုက္ခမျိုးစုံ ဆက်ခံစားနေကြရဦးမယ်ဆိုတာ ပြည်သူတွေ သိကြပါ  တယ်။

    နောက် (၂)ပတ်အကြာမှ ထပ်ပြီး ကပ်ဘေးသင့်ပြည်သူတွေ မဲပေးကြရဦးမယ်။ လူမှုဒုက္ခ  တွေက ကင်းဝေးဖို့ ဆိုရင်တော့ သွန်အောပြီး ကန့်ကွက်မဲပဲ ပေးကြပါလို့ တိုက်တွန်းလိုက်  ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here