ရေနံချောင်းက ဖေကံကောင်းဖြစ်စေဖို့

ဆောင်းပါးရှင်။ ။ ဘကောင်း

        စာရေးသူ ကျွနု်ပ် ခရီးသွားမှတ်တမ်း မှတ်ဖွယ်မှတ်ရာ လေ့လာစရာတွေ ရေးမယ်ဆိုကာမှ ခရီးကသွားရပြန်၊ ဒါ့အပြင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ရွေ့ဟယ်၊ပြုဟယ် စီစဉ်လုပ်ရာတာတွေက ကထိကထတော်တော်အများသား။ ဒီအထဲ ခရီးထွက်ဖို့ လေယာဉ်လက်မှတ်ကို ဝယ်ပြီးကတဲက ထပ်မကြည့်ပဲ ပစ်ထားလိုက်တာ လေဆိပ်ကို လေယာဉ်ထွက်သွားပြီး နာရီဝက်လွန်မှ ရောက်သွားတော့

 

 

လေဆိပ်ထဲမှာ အထုပ်တွေနဲ့ ရီစရာဖြစ်ပြီး ကျန်ခဲ့ရတယ်။ အော်..ငါ့နယ့်… ကိုယ်ကိုကိုယ်ပဲ ကျိတ်ပြီးအပြစ်ပဲတင်ရတော့တယ်။ ဒီရက်ထဲမှာလည်း စာရေးဖို့ စိတ်ကအာရုံဝင်စားလို့ မရပြန်၊ ကိုယ့်မြန်မာပြည်ရဲ့ လေဘေးဒုက္ခအဝဝ၊ သာမန်ပြည်သူတွေ သေကြေ ပျက်ဆီး ဆုံးပါးကြပုံ၊ လေဘေးအန္တရာယ်ကြောင့် သားငယ် သမီးအရွယ်ကလေးတွေရဲ့ ရုပ်အလောင်းတွေကို တွေ့ရတော့ အသည်းနှလုံးမှာ တစစ်စစ် တုံရင်လို့နေတယ်။ ကြေကွဲရပါတယ် ကလေးတို့ရယ်။ နာကျင်ခြင်း ဝေဒနာ အတိုင်းအဆမဲ့စွာ ခံစားသွားကြရမယ်ဆိုတာလည်း ဆင်ခြင်သုံးသပ်မိတယ်။ အကယ်၍ နောင်ဘဝဆိုတာနဲ့ ဘုရားသခင် ရှိခဲ့ရင် မင်းတို့လေးတွေ ကောင်းရာသုကတိလားလို့ ဘုရားသခင်ရဲ့ အစောင့်အရှောက်အောက်မှာ အေးချမ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မြန်မာပြည် စစ်အစိုးရရဲ့ အသိပညာမဲ့စွာ စီမံခန့်ခွဲအုပ်ချုပ်မှု ညံဖျင်းပုံက ကျွနု်ပ် တောက် ခေါက်ပြီး မိုက်ရိုင်းလိုက်လေခြင်း ဆိုပြီး ညည်းတွားလို့သာ နေရတော့တယ်။ ငယ်စဉ်ကလေးဘဝ လေဘေးရောင်းတုံးက လေဘေးဆိုတဲ့ အသုံးအနှုန်းက နေစဉ်သုံးစွဲနေကျ ဖန်တရာ စကားလုံးဖြစ်ခဲ့ပေမယ့် ဒီကနေ့အဖို့မှာ လေဘေး ဆိုတဲ့ ဝေါဟာရ အသုံးအနှုန်းက ခါးသီးစွာအာရုံထဲကို ဝင်ရောက်လာတယ်။

ဒီည စာရေး၊ဇာတ်အိမ်တည်ဆောက်ဖို့ ဘယ်လိုမှ ညဏ်စဉ်ကို စုစည်းလို့ မရတော့တာနဲ့ပဲ ကိုယ့်မှာ ရှိနေတဲ့ ဘဝတွေအကြောင်း မှတ်တမ်းမှတ်ရာတွေ အထဲက ကျောက်ပန်းတောင်က ရေနံတွင်းတူးသမားတွေရဲ့ မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေတဲ့ ဘဝတစ်စေ့တစ်စောင်းကို ဖေါ်ပြပေးလိုက်တယ်။ ကျွနု်ပ်တို့ ငယ်စဉ်က မျှော်လင့်ချက်တွေကို ပေးခဲ့တဲ့ ဖားကန့်က ကျောက်တွင်းတူးသမား ဘဝတွေကို ပြန်လည် အမှတ်ရစေတယ်။ အဲဒီခေတ်အခါတုံးက ရေပန်းစားခဲ့တဲ့ ကျောက်တူးသမားဘဝ သီချင်း။ ဒီတစ်ကျင်းမရလျှင် နောက်တစ်ကျင်း ဆိုပြီး ကံကို ဦးထိပ်မှာ ပန်ဆင်ပြီး မျှော်လင့်ချက် ဇွဲကို ကျိုးကုတ်ကြရတဲ့ ဘဝတွေပါ။

အခုလည်း အဲဒီတုန်းက ကျောက်တူးသမားတွေနဲ့ အလားသဏ္ဍာန်တူတဲ့ ရေနံတွင်းတူးသမားတွေပေါ့။မျှော်လင့်ချက်လေး တစ်ခုပါ။ မျှော်လင့်ချက်နဲ့ တစ်ဝမ်းတစ်ထွာ အစားကို နပ်မှန်အောင် စားရရေးအတွက် အဆင်ပြေရာ မီးစဉ်ကြည့်ကကြရသည့် မြန်မာပြည်ဘဝဇာတ်ခုံမှ ဇာတ်ကောင်များပါပဲ။ မြန်မာပြည် အစိုးရ၏ အလုပ်အကိုင် ဖန်တီးပေးနိုင်စွမ်း မရှိခြင်း(ယုတ်စွအဆုံး အိမ်တွင်းမှုလုပ်ငန်း၊ ပြည်တွင်ဖြစ် ထုတ်ကုန်လုပ်ငန်း၊ စီးပွားရေး အသေးစားလုပ်ငန်းများကို နယ်အလိုက် မဖန်တီးနိုင်ခဲ့ချေ။)၊ ကိုယ်ရည်ကိုယ်သွေး ဆိုတဲ့ စကားကို ဒီနေရာမှာ လာ မပြောစမ်းပါနဲ့။ လူဦးရေ ငါးဆယ့်ငါးသန်းကျော်ရှိ့တဲ့ မြန်မာပြည်ကို ကိုယ်ရည်ကိုယ်သွေးမြင့်တင်းပေးဖို့ ခေါင်းဆောင် အုပ်ချုပ်တဲ့ နည်းပညာတွေနဲ့ ပညာရေးအဆင့်အတန်း၊အခြေခံ လူ့အခွင့်အရေးတွေကို ဖြည့်ဆည်းပေးစမ်းပါအုံး။ မလုပ်တတ်လျှင် လုပ်တတ်တဲ့ လူတွေ လုပ်ခွင့်ပေးလိုက်ပါ။ ရှင်းပါသည်။

        လူငယ်၊လူလတ်၊လူကြီးတွေ အသက်အရွယ်မျိုးစုံ ဒေသမျိုးစုံကနေ ဒီကျောက်ပန်းတောင်းကို ရေနံထွက်တယ် ဆိုပြီးလာကြတာ။ ဒီလူတွေလာတော့ အခြားအလုပ်အကိုင်များလည်း ပေါ်ထွက်လာတယ်။ ပထမဦးဆုံး အုန်းသီး၊ငှက်ပျောသီးသည်များ ရောက်ရှိလာသည်။ ရေနံတွင်း မတူးခင် အုန်းသီး၊ငှက်ပျောသီးနဲ့ ဆိုင်ရာကို ပူဇော်ပသကြလေ့ရှိတဲ့ ကျွနု်ပ်တို့ မြန်မာ ထုံးတမ်းစဉ်လာ ယုံကြည်မှုရှိသေးတာကိုး။ နောက်တော့ ထမင်းသည်၊ ကိုယ်တို့လိုလူမျိုး လေဘေးဂျင်ဘောင်းဘီရောင်းတဲ့ လေဘေးထည်တွေလည်း ရောက်လာတော့တာပဲ။

ဤဗီဒီယိုအစိတ်အပိုင်းများသည် ကျွနု်ပ်ကိုယ်ပိုင် ဖြစ်ပေသည့် မည်သူမဆို အသိပေး၍ အသုံးပြုနိုင်ပါသည်။

တဲအိမ်ကလေးများသည် ရေနံတွင်းတူးသမားတို့၏ တွင်းလည်းတူး၊ နားခိုအိပ်စက်ရာလည်းဖြစ်သည့် မျှော်လင့်ချက် ဗိဗာန်များပေတည်း။

အနန္တမေတ္တာဖြင့်
ဘကောင်း

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here