၃၇နှစ်ကြာ လေယာဉ်ပြန်ပေးများ သမိုင်းတွင် အကျော်ကြားဆုံးသူ၏ သဲလွန်စတွေ့

Image and video hosting by TinyPic
၁၉၇၁ခုနှစ်က လေယာဉ်ပြန်ပေးဆွဲသူ ဒီ.ဘီ ကူပါး (ခ) ဒမ် ကူပါး

၁၉၇၁ခုနှစ် နိုဝင်ဘာလ ၂၁ရက် ကျေးဇူးတော်နေ့မတိုင်မှီမှာ သူ့ကိုယ်သူ ဒမ်ကူပါး (အမည်ရင်းမဟုတ်ပါ) ဟုခေါ်ဆိုသူသည် အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်၊ ပို့တ်လန်းမြို့ လေဆိပ်မှ ၀ါရှင် တန် ပြည်နယ်၊ ဆီအက်တယ်လ်မြို့ သို့ အနောက်မြောက် အိုးရီးယန့် လေကြောင်းလိုင်း ( Northwest Orient Airline )က ဘိုးရင်းရ၂၇ ခရီးစဉ်အမှတ် ၃၀၅ကို ခရီးသွားတဦးထဲ လေယာဉ်အပိုင်စီးခဲ့ပြီး ယနေ့တိုင် ဖမ်းဆီးရမိခြင်းမရှိပဲ လေယာဉ်ပျံသန်းနေစဉ် အတွင်း၌ ခုန်ချလွတ်မြောက်သွားကာ ယခုသူ၏ သဲလွန်စအချို့ တွေ့ရှိပြီဟု

အမေရိကန်နိုင်ငံ ပစ္စဖိတ် အနောက်မြောက်ခြမ်း ပြည်ထောင်စုအစိုးရ ထောက်လှမ်းရေးဗျူရိုမှ ယခုအပါတ် ၂၅ရက် အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာသည်။
လေယာဉ်ပြန်ပေးဆွဲမှု သမိုင်းတွင် နံမည်ကျော် လေယာဉ်ပြန်ပေး ဒမ်ကူးပါးလို့ လူသိများသူ ဒီဘီ ကူးပါးဟာ လွန်ခဲ့တဲ့ ၃၇နှစ်လောက်က ပို့တ်လန်းကနေ ဆီအက်တယ်လ်သွားနေတဲ့ လေယာဉ်ကို သူ့ထံတွင်ပေါက်ကွဲစေနိုင်သော လက်ဆွဲသေတ္တာရှိဟု ခြိမ်းခြောက်ပြီး ထိုလေယာဉ်အား အပိုင်စီးခဲ့ရာ အနောက်မြောက်လေကြောင်းလိုင်းမှ ဒေါ်လာ၂သိန်း နှင့် လေထီး၂စုံ တောင်းဆို၍ ဆီအက်တယ်လ် – တာကိုးမား လေဆိပ်တွင် လေယာဉ်အား ဆင်းသက်စေခဲ့သည်၊ ဆက်လက်ပြီး လေယာဉ်အား ၁နာရီ မိုင်၂၀၀အောက် နှင့် အမြင့်ပေ တသောင်းအောက်မှ မက္ကဆီနိုင်ငံသို့ ပျံသန်းစေကာ ၀ါရှင်တန်ပြည်နယ်နှင့် အော်ရီဂွန်ပြည်နယ် သစ်တောထူထပ်သော တနေရာတွင် ပျံသန်းနေသော လေယာဉ်၏နောက်မြီးပိုင်း ကုန်တင်/ချ အပေါက်မှ လေထီးဖြင့် ခုန်ချလွတ်မြောက်သွားခဲ့သည်၊ ထိုစဉ်က ဤအဖြစ်အပျက်အား အမေရိကန်နိုင်ငံတလွှား အုတ်အော်သောင်းတင်း ဖြစ်ကြရသည်။ ဒူကဘာ(မနောမြေ)

 


Image and video hosting by TinyPic
ဆီအက်တယ်လ်မြို့ အနီး တာကိုမားလေဆိပ်တွင် ပြန်ပေးငွေနှင့် လေထီး စောင့်ဆိုင်းယူစဉ် တွေ့ရပုံ
ထို ဒမ်ကူးပါးအား အမေရိကန်ထောက်လှမ်းရေးဗျူရိုမှ ယနေ့တိုင် သဲလွန်စ ခြေရာခံမရသေးပဲ လွတ်မြောက်နေသူ ပြန်ပေးတဦးဖြစ်သည်၊ ၁၉၈၀ခုနှစ် ဖေဖေါ်ဝါရီလတွင် ပို့တ်လန်းမြို့နှင့် ကပ်လျှက်တည်ရှိသော ဗင်ကူးဗားမြို့ အနီး ကိုလံဘီယာမြစ်ကမ်းနဘေး Frenchman’s bar အရပ်တွင် အသက်ရှစ်နှစ်သား ဘရိုင်ယန် အင်ဂရန် ဆိုသူ ဒေါ်လာ ၅၈၀၀ကျော် ၂၀တန်များ ကောက်ရခဲ့ဖူးသည်၊ ထိုပိုက်ဆံများမှာ ဒမ်ကူးပါးအား ပေးလိုက်သော ပြန်ပေးငွေ ဒေါ်လာ၂၀တန်ပိုက်ဆံများ ဖြစ်သည်ဟု ထိုစဉ်က ထောက်လှမ်ရေးဌာနမှ အတည်ပြုချက်ပေးသည်။
Image and video hosting by TinyPic
ယခင်အပါတ်က တွေ့ရှိသော ဒမ်ကူပါး၏ လေထီးအား ကျွမ်းကျင်သူများ စစ်ဆေးနေစဉ်

ယခု ပို့တ်လန်းမြို့ မြောက်ဖက် ကလပ်ကောင်တီ၊ ၀ါရှင်တန်ပြည်နယ် အမ်ဘွိုင်းအရပ်တွင် ဒမ်ကူးပါး ဆင်းသက်ခဲ့သော လေထီးနှင့် အခြားသော သဲလွန်စများအား မိသားစုပိုင်မြေယာတခုတွင် လမ်းဖေါက်လုပ်ရာ မြေထိုးစက်ဖြင့် မြေညှိနေစဉ် လေထီး၏ အဝတ်စငြိနေခြင်းမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သတင်းများမှ ထုတ်ပြန်ကျေငြာသည်။ ၎င်းလေထီးအား သက်ဆိုင်ရာ ကျွမ်းကျင်သူများမှ မှန်ကန်ကြောင်း အတည်ပြုချက်ပေးလိုက်ပြီး၊ ၎င်းနှင့် အတူ ရေတပ်သုံးကျောပိုးအိတ်တလုံး ထပ်မံတွေ့ ရှိရပြီး ထိုအိတ်ထဲမှ ဒမ်ကူပါး၏ လေယာဉ်လက်မှတ်၊ နက်ကတိုင်၊ ပျက်ဆီးစပြုနေသော ဒေါ်လာငွေ အချို့တွေ့ရှိရသည်။
Image and video hosting by TinyPicImage and video hosting by TinyPic
သက်သေခံ အမေရိကန်ဒေါ်လာအချို့နှင့် ကျောပိုးအိတ်
အမေရိကန်ထောက်လှမ်းရေးဗျူရို ယုံကြည်သည်မှာ ဒီဘီကူပါးမှာ ဆီအက်တယ်လ်မြို့ဝန်းကျင်နှင့် အထူးပင် အကျွမ်းတဝင်ရှိနေသူဖြစ်ပြီး၊ အမေရိကန်လေတပ်မတော် လေထီးခုန်တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်သည်ဟု ယုံကြည်နေကြသည်၊ အခင်းဖြစ်ပွားပြီး ၃၇နှစ်အကြာမှ သဲလွန်စများတွေ့ရှိရသဖြင့် ဒမ်ကူပါးတယောက် သေလား? ရှင်လား? လွတ်မြောက်သွားသလား? သူ … ဘယ်သူလဲ ? လားပေါင်းများစွာ မေးခွန်းများ အမေရိကန်ပြည်သူများ စိတ်ဝင်စားလျှက်ရှိနေကြကြောင်း …… ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here