၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့

မေး …… ကိုနေတင်မြင့်ရေ — မင်္ဂလာပါခင်ဗျာ

ဖြေ ……… ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျား

 

မေး ……… အခုဆိုရင် ကိုနေတင်မြင့် ပြည်ပကို ထွက်ခဲ့တာ ၄-၅ လ ရှိပြီထင်ရဲ့နော်။
ပြည်ပကို ထွက်လာဖြစ်ခဲ့ပုံလေးကို နည်းနည်းလောက် ပြန်ပြောပြနိုင်မလားခင်ဗျာ။

ဖြေ …….. ဟုတ်ကဲ့ ကျနော်ပြည်ပကိုထွက်ခွါလာရခြင်းအကြောင်းရင်းက
ယခု ၈၈ မျိုုုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်နှင့််် ကိုမင်းဇေယျအပါအဝင် ကျနော်တို့တွေဟာ မပြီးဆုံးသေးသော ၁၉၈၈ အရေးအခင်းစတင်ပေါ်ထွန်းလာတဲ့ တော်လှန်ရေးကိုငြိမ်းချမ်းစွာနှင့် အဆုံးသတ်စေရန် အမိမြန်မာနိုင်ငံတော်နှင့် ပြည်သူပြည်သားအားလုံးအတွက် ၂၀၀၅ ခုနှစ်နောက်ပိုင်းမှာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ဖွဲ့စည်းပြီး ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက်၊လူထုအားလုံးပါ၀င်စေရန် campaign များစွာကို ဖော်ဆောင်ခဲ့ပါတယ်၊

        signature campaign ,white campaign ,white expression campign နှင့် white Sunday campaignတို့မှာ ကျောင်းသားလူငယ် ပြည်သူလူထုများစွာက စစ်တပ်နှင့်၎င်းတို့၏လက်ပါးစေ ( ကြံဖွံ့၊စွမ်းအားရှင်) တို့က တားဆီးပိတ်ပင်တဲ့ကြားထဲကနေ တက်တက် ကြွကြွနှင့် ပူးပေါင်းပါ၀င်ဆောင်ရွက်ခဲ့ကြပြီး နောက်ဆုံးမိမိအခွင့်အရေးကို မိမိကိုယ်တိုင်ပိုင်ဆိုင်ဘို့အတွက် အကြောက်တရားတွေကိုဘေးဖယ်ပြီး ပြောရဲ ၊ဆိုရဲ၊ တောင်းဆိုရဲနိုင်အောင် ရှေ့ဆုံးကနေ ကျနော်တို့ ၈၈ ကျောင်းသားခေါင်းဆောင်တွေဟာ ရဲဝံ့စွာဖော်ဆောင်ခဲ့ကြတယ် အဲ အကျိုးအမြတ်ကတော့ဒီမိုကရေစီစနစ်ဟာ လူထုရဲ့ကြားထဲမှာနိုးကြားလာပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရဲတဲ့ သတ္တိတွေ ပေါ်ထွန်းလာကြတယ်၊ ကျနော်ထိုင်းနိုင်ငံ နယ်စပ်ကို မထွက်လာခင်ကာလမှာ ကျနော်မိသားစုနှင့်အိမ်နီးပတ်ဝန်းကျင်ကို ခြိမ်းခြောက်၊ အကြပ်ကိုင်မှုတွေ ၊ကျနော့်နောက်လည်း ထပ်ကြပ်မကွာလိုက်ပြီး နောက်ဆုံး နအဖ ရဲ့လက် ပါးစေတွေက အသက်အန ္ထရာယ်ကို ရန်ပြုမဲ့ အရိပ်သဃာန်တွေ တွေ့ခဲ့ရတဲ့ အတွက် ဒါကအချက်တချက်နှင့် နောက်တချက်က ပြည် တွင်းရဲ့လှုပ်ရှားမှုတွေ အားကောင်းလာဘို့အတွက် ပြည်ပမှာရှိနေတဲ့ ဒီမိုကရေစီလိုလားတဲ့အဖွဲ့အစည်းအားလုံးက မှန်ကန်သော အကြံဉာဏ်ပေးမှုတွေလိုအပ်တဲ့ကူညီပံပိုးမှုတွေကို ပြည်တွင်းပြည်ပ ဟန်ချက်ညီညီလှုပ်ရှားစေရန်အတွက်(ဒီအချက် ၂ ချက်ကိုအခြေ ပြုပြီး ကျနော်ထိုင်းနိုင်ငံနယ်စပ်ကိုထွက်ခွါလာခဲ့ပါတယ်၊

 

မေး….. ြမန်မာပြည်ကထုတ်တဲ့ နအဖ သတင်းစာတွေမှာ ကိုနေတင်မြင့် ပြည်ပထွက်လာတဲ့အပေါ် ရေးသားချက်တွေအပေါ် ဘယ်လို တုံ့ပြန်ချင်ပါသလဲခင်ဗျာ။ ကျနော်တို့ နားလည်ထားတာက ကိုနေတင်မြင့်တို့ ၈၈ မျိုးဆက်အနေနဲ့ အကြမ်းဖက်လှုပ်ရှားမှုမျိုးလုံးဝ မလုပ်ပါပဲလျက် အခုလို စွပ်စွဲတယ်ဆိုတာ အံ့ဩစရာ၊ ရယ်ချင်စရာ ဖြစ်နေသလားလို့ပါ.။

ဖြေ …….. ကျနော်ဒီထိုင်းနို်င်ငံနယ်စပ်ကိုထွက်ခွါလာပြီး မကြာခင်ကာလမှာပဲ၊ န အ ဖ သတင်းစာတွေ သတင်းစာရှင်းလင်းပွဲတွေက အကြိမ်ကြိမ်စွပ်စွဲမှုတွေ လုပ်ခဲ့တယ်၊ နောက်ဆုံး  အကြမ်းဖက်သမားအဖြစ် ပေါ်ပေါ်တင်တင် စွတ်စွဲမှုတွေ လုပ်ခဲ့တယ်၊  ဘာကြောင့် ကျနော်ကို ဒီလိုစွတ်စွဲရသလဲဆိုရင် လူထုကကြောက်တဲ့။ နိုင်ငံတကာ အသိုင်း အဝိုင်းက လက်မခံတဲ့ အကြမ်းဖက်သမားဆိုတဲ့စာ တမ်းကြီးကို ကျနော်တို့ကပ်ပေးပြီး ပြည်တွင်းမှာဆက်လက်ပြီးရဲရဲဝံ့ဝံ့လှုပ်ရှားနေကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ကို မတရားပုဒ်မတွေတပ်၊ မဟုပ်မမှန်တွေစွတ်စွဲပြီးတော့၊ ဥပဒေမဲ့စွာ ထောင်နှစ်ရှည်ချခြင်တဲ့အတွက် ကျနော်နှင့်မင်းကိုနိုင် တို့ကို စနစ်တကျ အကွက်ကျကျ လုပ်ကြံဖန်တီးခြင်းသာဖြစ်တယ်၊ ပြည်တွင်းထဲမှာ သူတို့ရဲ့အာဏာကုလားထိုင်ကို လှုပ်စေခဲ့တာ အဓိက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များသာဖြစ်တယ်လေ၊ ဒါကလည်းရှင်းနေတာဘဲ ကျနော်တို့ ၈၈မျိုးဆက်ကျောင်းသားခေါင်း ဆောင်တွေက အကြမ်းဖက်မှုကိုမလိုလားဘူး။ငြိမ်းချမ်းစွာဖြင့်အသွင်ကူးပြောင်းရေး ကာလကိုကျော်ဖြတ်ခြင်တယ်၊ ကျနော်တို့ခေါင်း ဆောင်တွေ ထောင်ကလွတ်ပြီးကတည်းက၊ တောင်းဆိုနေတာ၊ တိုက်တွန်းနေတာ။အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဘဲ တစိုက် မတ်မတ်ပြောဆိုခဲ့တယ်၊ကျနော်တို့ရဲ့လှုပ်ရှားမှုတွေမှာလည်း non violent (အကြမ်းမဖက်)ငြိမ်းချမ်းစွာဖြင့်ဖော်ထုတ်ဆန္ဒပြမှုများ သာဖြစ်တယ်၊ ဒါကိုအမိမြန်မာပြည်သူလူထုကြီးသာမက နိုင်ငံတကာအသိုင်းအဝိုင်းကပါ ကျနော်တို့ရဲ့ငြိမ်းချမ်းစွာ လှုပ်ရှားမှုတွေကို၊ အသိအမှတ်ပြု လက်ခံကြတာ။ ဒါတွေက သက်သေပြစရာမလိုတဲ့ ရှင်းလင်းနေတဲ့အရာဘဲ။ စစ်အာဏာရှင်တွေမှာ။ သူတို့ရဲ ့ TV အသံလွင့်ဌာန။ မီဒီယာတွေ၊ သတင်းစာတွေနှင့် စာပေတွေထဲကနေမဟုတ်မမှန် ၀ါဒဖြန့် လှုံ့ဆော်နေပေမယ့်၊ လူထုကသူ တို့ရဲဲ့ဝါဒဖြန့်မှုကို အားလုံးလိုလိုသိနေလေတော့။ ဒီစွတ်စွဲချက်တွေက အရာမရောက်တဲ့ ဟာသတစ်ခု၊ ပျက်လုံး တစ်ခုသာသာဖြစ် နေတာပါဘဲ၊ အခုလည်းကြည့်လေ၊ မဟုတ်မမှန်စွတ်စွဲမှုတွေလုပ်ပြီး ၈၈ကျောင်းသားခေါင်းဆောင်တွေကို ထိန်းသိမ်းထားကြတယ်၊


မေး…… ပြည်တွင်းမှာ လှုပ်ရှားဆောင်ရွက်ရတာနဲ့ ပြည်ပမှာ နိုင်ငံရေးလုပ်ဆောင်ရတဲ့ ကွာခြားချက်ကလေးတွေကိုလည်း သုံးသပ်ပေးပါဦး။

ဖြေ……… ပြည်တွင်းမှာလုပ်ဆောင်နေတာ သူတို့ရဲ့ အာဏာစက်အောက်မှာဆိုတော့၊ ကျနော်တို့ ခေါင်းဆောင်တွေက(ဥပမာ အားဖြင့် မီဒီယာနှင့်အင်တာဗျူးတဲ့အခါမှာ။ လူထုနားလည်အောင် ရှင်းလင်းပြတ်သားတဲ့ဖြေဆိုမှုတွေ၊ ပြောချင်ပေမဲ့လည်းထိန်းထိန်း သိမ်းသိမ်း ပြောနေရတယ်၊ ဘယ်လို campaign မျိုးမဆို။ ကျနော်တို့က ပြည်သူနဲ့အတူတကွ၊ တသားတည်း၊ ငြိမ်းချမ်းစွာဖေါ် ဆောင်ပေမယ့် သူတို့တွေရဲ့ လက်ပါးစေတွေက အကြမ်းဖက်မှုကိုဖန်တီးတာတွေ၊ လုပ်ကြံတာတွေကိုသတိကြီးကြီးနှင့် ရှောင်ကျဉ်ရ တယ်၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခွင့် မရခဲ့ဘူး အဲ ဒီပြင်ပမှာတော့ နိုင်ငံတကာအသိုင်းအဝိုင်း တွေကို ခိုင်မာပြတ်သားတဲ့သတင်းတွေ (clear message)လွတ်လွတ်လပ်လပ်ပေးလို့ရပြီး U N အပါအဝင် နိုင်ငံတကာကို စည်းရုံး လှုံဆော်တဲ့အခါ ထိထိရောက်ရောက် ပြေဆိုလုပ်ဆောင်နိုင်တယ်၊မိမိရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းဘို့အတွက် အချင်းချင်းညှိနှိုင်း ဆွေးနွေးပွဲတွေ (work shop, seminar)တွေ လွတ်လွတ်လပ်လပ်လုပ်နိုင်ပြီး လူမျိုးစုအဖွဲ့အစည်းတွေနဲ့လည်း လွတ်လပ်ပွင့်လင်း စွာနဲ့တွေ ့ဆုံပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့တယ်၊ အဲဒီ ခိုင်မာပြတ်သားတဲ့ ဦးဆောင်မှုကိုတော့ ဒီနေရာကပေးလို့မရဘူး၊ လူထုနှင့် အနီးကပ်ဆုံးရှိနေတဲ့ ပြည်တွင်းကခေါင်းဆောင်များကဘဲ ပေးလို့ရနိုင်မယ်၊ အားနည်းချက် အားသာချက်ကတော့ ဒီလိုဘဲဒွန်တွဲ နေလျှက်ပါ၊

မေး …….. ပြည်တွင်းမှာ ဦးဆောင်လှုပ်ရှားခဲ့သူတဦးအနေနဲ့ အခုလို ပြည်ပထွက်ပြီး လှုပ်ရှားတဲ့အခါ အားရကျေနပ်မှုရှိပါရဲ့လား။

ဖြေ …… ပြည်တွင်းမှာ ၈၈ ထဲကတလျှောက်လုံး ဦးဆောင်လှုပ်ရှားလာခဲ့တာ (အခုထွက်မလာခင်ကာလအထိ) ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေက အားရကျေနပ်မှုတော့ အထိုက်လျောက်သာရှိပါတယ်၊ အားရကျေနပ်မှုအပြည့်အဝရှိတဲ့ အဆင့်ကျရင်တော့ စစ်အာဏာရှင်စနစ်ပြိုပျက်ပြီး ကျနော်တို့နိုင်ငံဒီမိုကရေစီစနစ် ထွန်းကားနေပြီပေါ့၊ ပြည်ပမှာလည်း ခုနကပြောခဲ့သလို လွတ်လွတ် လပ်လပ်ကျယ်ကျယ်ပြန့်ပြန့်် လုပ်ဆောင်နိုင်ခဲ့မှုတွေအပေါ် အသင့်အတင့်ကျေနပ်မှုတွေရှိပါတယ်၊ ပြည့်ပြည့်ဝဝ လုပ်ဆောင်ရမဲ့ ကိစ္စတွေကတော့ အများကြီးပါဘဲ (ဥပမာ-အာစီယံနိုင်ငံတို့ တရုတ် )စတာတွေကို ထိရောက်စွာစည်းရုံးလှုံဆော်ဘို့ကြိုးစားရမယ်၊

မေး…… ပြည်တွင်းက ဆောင်ရွက်မှုတွေအတွက် ပြည်ပကဘယ်လို ပံ့ပိုးထောက်ပံ့မှုတွေ လုပ်နိုင်မလဲ၊ လုပ်သင့်သလဲ။


ဖြေ …… ပြည်တွင်းကဆောင်ရွက်မှုတွေအပေါ် ပြည်ပကလုပ်ဆောင်နိုင်တဲ့ ပံ့ပိုးမှုတွေကတော့ နည်းပေါင်းစုံပေါ့။ UNအပါအဝင် နိုင် ငံတကာကို ထိထိရောက်ရောက် ပြောဆိုစည်းရုံးနိုင်ပြီး နအဖ ကို ဘယ်လိုထိထိရောက်ရောက် ဖိအားပေးနိုင်မယ် နောက်ပြီး အထဲမှာ လှုပ်ရှားတက်ကြွသူများအတွက် လိုအပ်သောနိုင်ငံတကာ သတင်းအချက်အလက်တွေ၊ ငွေရေးကြေးရေးနှင့် နယ်စပ်မှာပြုလုပ်ခဲ့တဲ့ work shop တွေထဲက ထိရောက်တဲ့နည်းလမ်းသစ်တွေကို အကြံပြုနိုင်မယ် ပြီးတော့ လိုအပ်တဲ့ စက်ပစ္စည်း ကရိယာတွေကို ပံ့ပိုး ကူညီနိုင်မယ် ဒါတွေက အတွင်းအတွက် ကြီးမားသော ဖြည့်ဆည်းကူညီမှုတွေပါဘဲ။

မေး …ဒီလို လုပ်ဆောင်မှုတွေဟာ ပြည်တွင်းက ရဲဘော်တွေအတွက် အား တခု ဖြစ်ပါသလား၊ ကိုယ်တွေ့ ဥပမာလေးနဲ့ ပြောပြနိုင်မလားခင်ဗျာ။

ဖြေ…….. အထက်မှာဖော်ပြခဲ့သလို ဒီလိုလုပ်ဆောင်ပံ့ပိုးမှုတွေက အားကြီးတခုပါဘဲ မကြာသေးခင်ကဖြစ်ခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးဆိုရင် အတွင်းနှင့်အပြင်ကဟန်ချက်ညီညီချီတက်မှုတွေ အတွင်းကဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို စက္ကန့်ပိုင်း အတွင်း ပြည်ပရောက်လာပြီး တကမ္ဘာလုံးကို ချက်ခြင်းဖြန့်ဖြူးနိုင်တာတွေကIT ခေါတ်ကြီးရဲ့အကျိုးဆက်ရလဒ်တွေပါဘဲ (ဥပမာ-အားဖြင့် ၁၉၈၈ အရေးအခင်းကဆိုရင် ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ သုံးထောင်ကျော်သေခဲ့ပေမဲ့ ဆက်သွယ် ရေးနည်းကရိယာတွေ အားနည်းနေတဲ့အတွက် ကမ္ဘာကိုသက်သေမပြနိုင်သလို ကမ္ဘာ ့အသိုင်းအဝိုင်းကလည်း ကျယ်ကျယ်ပြန့်ပြန့် မသိခဲ့ရဘူး၊ အခု ရွှေဝါရောင် တော်လှန်ရေးမှာ အားလုံးသေဆုံးသူပေါင်း ၁၀၀ မရှိပေမဲ့။ ကမ္ဘာက ကစ up to date သိနေပြီး စစ်အာဏာရှင်တွေရဲ့ ရက်စက်ဖိနှိပ်မှုကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတယ်၊ (ဒါက ကျနော်တို့တတွေအတွက် အကျိုးအမြတ် အား တခုပါဘဲ)
(
နောက်တခုက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေလုပ်တဲ့signature compign ဆိုရင်ဗျာ ပြည်တွင်းမှာ လူထုအလွှာ အသီးသီးအားလုံး ငါးသိန်းကျော်ကျော် လက်မှတ်ရေးထိုးကြပြီး အဲဒီလက်မှတ်တွေကို ကုလသမဂွအထူးကိုယ်စားလှယ်မစ္စတာဂမ်ဘာရီ လက်ထဲကို ထည့်လိုုက်နိုင် တယ်) ဒါ့အပြင် ပြည်ပမှာရှိတဲ့ ဒီမိုကရေစီဖော်ဆောင်နေသူများကလည်း နိုင်ငံတကာ compign ဖြစ်အောင် လှုံဆော် စည်းရုံးတဲ့ အခါ US,Japan,Thai,Australia,Norway စတဲ့နိုင်ငံတွေကလည်းသူတို့နိုင်ငံမှာ signature campign ကို ဖော်ဆောင်နိုင်ခဲ့ ကြတယ်၊

မေး …… လွန်ခဲ့တဲ့ စက်တင်ဘာ ကံဆောင်သပိတ်နဲ့ ပတ်သက်ပြီး ကိုနေတင်မြင့်အမြင်ကို နည်းနည်းလောက် ပြောပြပေးပါလားခင်ဗျာ။


ဖြေ……….. ပြီးခဲ့တဲ့စက်တင်ဘာ ကံဆောင်သပိတ်နှင့်ပတ်သက်ပြီးပြောရရင် စစ်အာဏာရှင်က သူတို့ရဲ့စရိုက်ဆိုးအတိုင်း အခြေခံ မရှိမဖြစ်လိုအပ်တဲ့ လောင်စာဆီကို August 15ရက်နေ့မှာရုတ်တရက်အဆမတန် တိုးမြှင့်လိုက်တဲ့အခါ ပြည်သူလူထုကြီးရဲ့နှစ်ရှည်လများ မျိုသိပ်ထားတဲ့ ခံစားမှု၊ နာကျည်းမှုတွေဟာ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ပေါက်ကွဲလာတော့တာဘဲ ဒါကို ၈၈ ကျောင််းသားခေါင်းဆောင်တွေက စတင်ပြီးရဲဝံ့စွာ ဖော်ထုပ်ပြသခဲ့တယ်၊ နောက်ပိုင်းပြည်သူလူထုက ပူးပေါင်းပါ၀င်လာခဲ့ကြတယ်၊ အဲ့ဒိညမှာပဲ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကိုဖမ်းဆီးထိန်းသိမ်းခဲ့တယ် အဲဒီအချိန်မှာဘဲ ပခုက္တူ မြို့မှ သံဃာတော်တွေ ငြိမ်းချမ်းစွာ မေတျွှာရှေ့ထားပြီး ထုတ််ဖော်ဆန္ဒပြမှုတွေအပေါ် စစ်အာဏာရှင်တွေက သိက္ခာမဲ့စွာ ဆိုးဆိုးဝါးဝါး ဘုရားရဲ့သားတော်တွေကို ရိုက်နှက်ကန်ကြောက်ခဲ့ရာက သင့်တင့်မျှတသော လူထုရဲ့အခြေခံအကျဆုံး လိုအပ်ချက်တွေကို တောင်းဆိုခဲ့တယ်၊ စစ်အာဏာရှင်အစိုးရက လိုက်လျောမှု မပေးတဲ့အခါမှာ ၁၈ ရက်နေ့မှာ ကံဆောင်သပိတ် ကို စတင်ခဲ့ပြီး ယခုကမ္ဘာကသိမြင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးကို ဖြစ်စေခဲ့တာပါဘဲ၊ ဥပမာအားဖြင့်ှ( ၈၈ ကျောင်းသားတွေ လုပ်ခဲ့တဲ့ campign တွေ N.L.D youth များဦးစီးဆောင်ရွက်သော ဒေါ်စုနှင့်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တလတာ မေလcampign စတာတွေဟာ ရွှေ ၀ါ ရောင်စက်တင်််ဘာတော်လှန်ရေးကြီး ဖြစ်ပေါ်အောင််လုပ်ခဲ့တဲ့ မီးပွါးလေးတွေ ပါဘဲ၊

မေး ……. လက်ရှိအခြေအနေအရ နိုင်ငံရေးဒီရေ ပြန်ကျသွားတယ်လို့ ဆိုရမယ်ပေါ့ခင်ဗျာ။ တချို့ကလည်း ဘုန်းကြီးတွေကိုတောင် ရက်ရက် စက်စက် သတ်ပြစ်တာဆိုတော့ နောက်ထပ် လူထုအုံကမှုတွေထပ်ဖြစ်ဖို့၊ ဒီမိုကရေစီပန်းတိုင်ရောက်ဖို့ဆိုတာ မျှော်လင့်ချက်တော်တော် နည်းသွားပြီလို့ ယူဆတာမျိုးလည်း ကြားရတယ်ခင်ဗျ။ ကိုနေတင်မြင့်က ဘယ်လို ယူဆပါသလဲ။

ဖြေ……….. ရွှေဝါရောင်စက်တင်ဘာတော်လှန်ရေးလုပ်ဆောင်မှုအပေါ် ကျနော်ရဲ့အမြင်ကိုပြောရရင် လက်ရှိအခြေအနေမှာ နိုင်ငံရေး ဒီရေပြန်ကျသွားတယ်ဆိုတာ လက်ခံပါတယ်၊ ဘာကြောင့်လဲဆိုရင် စစ်အာဏာရှင်တွေက လက်နှက်မျိုးစုံနှင့် ဘုရားသားတော်များ ပါမချန် ရက်ရက်စက်စက် သတ်ဖြတ်ဖြိခွဲ နှိမ်နှင်းခဲ့တာကိုး၊ ပြီးတော့ ညဘက်တွေမှာ ဘုန်းကြီးကျောင်းတို့အိမ်တို့ကို ၀င်ရောက် ဖျက်ဆီးပြီး ဖမ်းဆီးသွားနေတာ အခုထက်ထိဘဲ ဒီအကျိုးဆက်တွေဟာ ချက်ခြင်းလက်ငင်းဆိုသလို။လူထုအုံကြွမှုကြီး ထပ်မဖြစ်ဘို့အတွက် အဓိက အချက်ဖြစ်တာကိုး တချို့တွေဆိုရင်ရှောင်တိမ်းရင်း ထိုင်းနိုင်ငံနယ်စပ်ကို ရောက်လာခဲ့ကြတယ်၊ အဲဒါက ပကတိ အရှိတရားဘဲ အဲဒီလိုဖြစ်နေလို့ ဒီမိုကရေစီပန်းတိုင်ရောက်ဖို့ မျှော်လင့်ချက်နည်းသွားပြီလို့ ယူဆရင်တော့ လုံးဝမှားသွားလိမ့်မယ် လို့ ကျနော်ယုံကြည်တယ်၊ စစ်အာဏာရှှင်တွေ ဘယ်လောက်ဘဲ ဖြိုခွဲနှိမ်နှင်းပါစေ လူထုရဲ့ရင်ထဲမှာ အမြစ်တွယ်သွားတာက အာ ဏာရှင်စနစ်ကို လုံးဝလက်မခံနိုင်တာနဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးဆိုတာ သူတို့ရဲ့ရင်ထဲမှာ တည်ရှိသွားပြီ ဒါကြောင့် အခွင့်အ ရေးရရင်ရသလို၊ အခါအခွင့်သင့်သလို၊ သူတို့လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ဆီကို အရောက်ချီတက်သွားပါလိမ့်မယ်။နောက်တခုက ဒီ ရွှေဝါ ရောင်တော်လှန်ရေးကြီးကနေ ကျနော် ၁၉၈၈ မျိုးဆက်မှ ၂၀၀၇ မျိုးဆက်သစ်ဆီသို့လက်ဆင့်ကမ်း လွှဲပြောင်းပေးနိုင်ခဲ့ပြီး ဒီမျိုးဆက်သစ်တွေ ဟာ ခိုင်မာသောဦးဆောင်မှုပေးပြီး ဒီမိုကရေစီကိုဖော်ဆောင်သွားပါလိမ့်မယ်၊ အဲဒါကလည်း နေ့ချင်းညချင်းကြီးတော့ မဖြစ်လာနိုင် ပါဘူး၊ မှန်ကန်သောအချိန်တော့ ယူရမှာပေါ့၊

မေး…… ကျေးဇူးတင်ပါတယ်ခင်ဗျာ။


ဖြေ……….. အခုလိုအင်တာဗျူးခွင့်ရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်၊

စာကြွင်း
ကိုနေတင်မြင့်သည် ၁၉၈၈ အရေးအခင်း့ စတုတ္တနှစ် သတ္တဗေဒအထူးပြုဘာသာရပ်ဖြင့် ရန်ကုန်တက္ကသိုလ် (ပင်မ)၌တက်ရောက်နေခဲ့ပြီး အရေးအခင်းအပြီး သုံးရောင်းခြယ်ကျောင်းသားလူငယ်များတပ်ဦး. အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူ လှုပ်ရှားခဲ့သည့် အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်. လူငယ်ခေါင်းဆောင် ဗဟိုတာဝန်ခံ တဦးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၁၉၈၉ ခုနှစ့် နိုင်ငံရေးတရားဟောပြောမှုဖြင့် ဖမ်းဆီးခြင်းခံရပြီး ထောင်ထဲတွင် (၁၅)နှစ်နေထိုင်ခဲ့ပြီးနောက် ၂၀၀၅ ခုနှစ် ဇူလိုင်လတွင် ပြန်လည် လွတ်မြောက်ခဲ့ပါသည်၊ လွတ်မြောက်ခဲ့ပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး။ ဌေးကြွယ်တို့နှင့် ဖွဲ့စည်းခဲ့ပြီး ၂၀၀၇ ခုနှစ်၊ မေလနောက်ဆုံးပတ် (မဲဆောက်မရောက်ခင်အထိ) ဦးဆောင်လှုပ်ရှားခဲ့ပါသည်၊

ကိုနေတင်မြင့်နှင့် စကားပြောအင်တာဗျုးကို ကိုသူရိန်ထက်နှင့် ကိုသက်ခိုင်တို့မှ ကြိုးစားစီစဉ််ပေး ခဲ့တာဖြစ်ပါတယ်။

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here