ဘလောက်ဂါ များက မြန်မာနိုင်ငံကို မီးမောင်းထိုးပြခဲ့

ဘလောက်ဂါများက မြန်မာနိုင်ငံကို မီးမောင်းထိုးပြခဲ့ တယ်လို့ ဗြိတိသျှဝန်ကြီးချုပ်က ဘလောက်ဂါ များ ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူး ခဲ့ပါတယ်။ လွန်ခဲ့တဲ့သတင်းနှစ်ပတ်အလွန်က ကျနော်တို့ဟာ နာဂစ်ဆိုင် ကလုန်း နှိပ်စက်ခဲ့ လို့ လူးလိမ့်ခံစားနေရတဲ့ မြန်မာပြည်သူတွေရဲ့ သတင်းကို သင်တို့ ထံသို့ မှ ယူဆောင် ပေးခဲ့ပါတယ်။

နာဂစ်မုန်တိုင်းခံရသောဒေသခံများအား ကူညီမည့် နိုင်ငံတကာအကူအညီများကို မြန်မာ စစ်အစိုးရ က ၀င်ခွင့် ပေးဖို့ ငြင်းဆိုခဲ့ပါသည်။ သေဦးဆုံးသူဦးရေမှာ ဆက်လက်တိုးနေပြီး သေဆုံးသူပေါင်း ၇၈၀,၀၀ ကျော်နှင့် ပျောက်ဆုံး နေသူပေါင်း ၅၅,၀၀၀ ကျော်ရှိပါတယ်။ နိုင်ငံရေးအသိုင်းအဝိုင်းမှ ခေါင်းဆောင်များမှ မြန်မာ စစ်အစိုးရ ၏ လုပ်ဆောင်ချက်များကို သဘောမတူယုံမျှမကပဲ အရေအတွက်မြင့်မားလာသော ဒုက္ခသည်များ အတွက် ဆက်လက် စဉ်းစား နေခဲ့ ကြပါတယ်။
 
မေလ ၂ ရက်နေ့ည မြန်မာနိုင်ငံ၌ မုန်တိုင်းဖြစ်ပွားပြီးနောက် အဖွဲ့အစည်းပေါင်းများစွာက မြန်မာပြည်သူတွေအား ၀င်ရောက် ကူညီခွင့်နှင့် အထောက်အပ့ံ ပစ္စည်းများထောက်ပ့ံနိုင်ရန် အလွန်ပင် ကြိုးစား ဆက်သွယ်ခဲ့ ကြပါတယ်။

ဂူဂဲလ်ကုမ္ပဏီဟာ နာဂစ်မုန်တိုင်းနှင့် ပတ်သတ်ပြီး သူတို့ကုမ္ပဏီမှ သတင်းအချက်အလက် ရင်းမြစ်များအား အသုံးပြုနိုင်ခြင်းဖြင့် မြန်မာပြည်သူတွေ အပေါ်ကူညီနိုင်ရန် ကြိုးစားနေသည့် ကုမ္ပဏီတခုဖြစ်ပါသည်။ ဂူဂဲလ် ကုမ္ပဏီကိုလဲ ကျနော်တို့ကျေးဇူးတင်ပါသည််။ နာဂစ်မုန်တိုင်းသတင်းနှင့် ဒုက္ခသည်များ အခြေအနေ အသေးစိတ်ကိုလဲ ဘလောက်ရေးသူ ဘလောက်ဂါများ အသိုင်းအဝိုင်းမှတဆင့် ကမ္ဘာတဝှမ်းသို့ လျှင်မြန်စွာသိ စေခဲ့ပါသည်။ 
ဘလောက်ဂါများဟာ ဆိုင်ကလုန်း ဒုက္ခသည်များအပေါ် တုံ့ပြန်မှုနှေးကွေးနေမှု၊ သေဆုံးသူဦးရေ ဆက်လက်တိုး တက်နေမှု၊ လူပေါင်းများစွာ ပျောက်ဆုံး နေမှုများအတွက် စစ်အစိုးရကို ဘလောက်များ ပေါ်ကနေ ဝေဖန်ရေး သားခဲ့ပါတယ်။ ဗြိတိသျှဝန်ကြီးချုပ်က "ဒါဟာအမှန်တရားပါ။ ကျနော်တို့ဟာ မြန်မာ ဒုက္ခသည် တွေအပေါ် ကျနော်တို့ ထောက်ပ့ံ ချင်သလောက် မထောက်ပ့ံနိုင်ဖြစ်နေရပါတယ်။ ဒါပေမယ့်လဲ မြန်မာနိုင်ငံဟာ လုံးဝ ထီးထီးကြီးလဲ ရှိ မနေ တော့ပါဘူး။" လို့ ထပ်မံဖြည့်စွက်ပြောခဲ့ပါတယ်။ 
ဗြိတိသျှဝန်ကြီးချုပ်က မြန်မာစစ်အစိုးရအပေါ် နိုင်ငံရေးအရသာ စိတ်ပါ၀င်စားခြင်း မဟုတ်ပဲ စစ်အစိုးရ၏ အပြုအမူအားလုံးကို စောင့်ကြည့်နေပါလို့ ဖော်ပြခဲ့ တယ်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Bernard Kouchner က ကုသမဂ္ဂလုံခြံုရေးကောင်စီမှတဆင့် မြန်မာနိုင်ငံကို ဒုက္ခသည်အရေးနှင့် ပတ်သတ်၍အပြည့်အဝ တာဝန် ယူစေရန် ဖိအားပေးလျက် ရှိပါသည်။ အမေရိကန်သံအမတ်က အာဆီယံအရာရှိ Scot Marciel ကို မြန်မာနိုင်ငံက ဒုက္ခသည်များ သေဆုံးသူဦးရေဟာ ဆက်လက် တိုးလာနေမယ်ဆိုရင် အမေရိကန်အနေနဲ့ တိုက်ရိုက်အကူ အညီကို ၀င်ရောက်ပေးဖို့ရန် အတွက် တာဝန်ရှိနေတယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။

 
(Traian Teglet, Technology News Editor ရေးသားသော Bloggers Bring Burma into the Spotlight ကို မင်းကရုဏာ မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။)  

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here