ရည်ရွယ်ချက်

Click to enlarge

            လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ တင်ပြဖေါ်ထုတ်ပိုင်ခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ တွေးတောခွင့်၊ လွတ်လပ်စွာ လုပ်ပိုင်ခွင့် ဆုံးရှုံးနေသော အဖိနှိပ်ခံံ တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးအတွက် စစ်အာဏာရှင်စနစ် ၏ သရုပ်သဏ္ဍာန်များ၊ လုပ်ရပ်များကို သတင်းမီဒီယာဖြင့် ဖွင့်ချဖေါ်ထုတ် တိုက်ပွဲဝင်ရင်း အဖိနှိပ်ခံပြည်သူများ၏ အသံများကိုလည်း လူထုအသံံံ၌ ထပ်ဟပ်စေရန် ကျိုးစားအားထုတ်သွားမည်။

 

              တဦးပေါ်တဦး အပြန်အလှန် လေးစားယုံကြည်မှု ရှိသော ဗြဟ္မစိုရ် တရားလေးပါးနှင့် ညီညွတ်စွာ မြန်မာ့ လူ့ဘောင် အဖွဲ့အစည်းတခု ဖြစ်ထွန်းရှင်သန်ရေး အတွက် အခြေခံလိုအပ်ချက်များ ဖြစ်သော လိင်၊ လူမျိုးဘာသာ၊ ယုံကြည်ချက် ကွဲပြားခြားနားခြင်း အလျဉ်းမရှိ၊ ကြီးငယ် နည်းများ မဟူ မည်သူမဆို ယုံကြည်ရာ တွေ့ရှိချက် ဝေမျှလေ့လာ ဝေဖန်ထောက်ပြ ပြုပြင်လိုသော ဆန္ဒများအား အချိန်နှင့် အမျှပြောင်းလဲနေသော ကမာ္ဘကြီး၏ ဆုတ်ယုတ် တိုးတက် ပြောင်းလဲနေမှုများအား လွတ်လပ်စွာ ထုတ်ဖေါ်ရေးသားရာ ဆုံရပ်အဖြစ် မြန်မာ ဘလော့ဂ်ဂါ တစုမှ သတင်းမီဒီယာ ကဏ္ဍအဖြစ် တင်ဆက်ရန် ရည်ရွယ်ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။

 

             လူထုအသံသည် သွယ်ဝိုက်၍ ဖြစ်စေ တိုက်ရိုက်ဖြစ်စေ ဝါဒဖြန့်ချီရေး ဆုံမှတ် ဂျာနယ်မဟုတ်၊ လူတိုင်း ယုံကြည်စိတ်ချရသော သတင်း၊ သုတ၊ ရသ အဖြာဖြာတို့ကို လွတ်လပ်စွာ ရေးသားထုတ်ဖေါ် ဆည်းပူးရာ လွတ်လပ် ပွင့်လင်းသော မြန်မာ့လူ့ဘောင် အဖွဲ့အစည်း၏ သတင်းမီဒီယာ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်မည်။ တိုးတက်မှု ဖွံ့ဖြိုးသော လွတ်လပ်ပွင့်လင်း ကြွယ်ဝသော သတင်းမီဒီယာ အကျိုးစီးပွား အကြောင်းတရားအား ကျူးလွန်သူမှန်သမျှကို ရန်/ငါ စည်းမခြား စဉ်ဆက်မပြတ် ထောက်ပြ ပြောဆိုသွားမည့် အွန်လိုင်း သတင်းဂျာနယ်သည် လူထုအသံ၏ အန္တိမ ရည်မှန်းချက် ဖြစ်သည်။

  အယ်ဒီတာ အဖွဲ့

 

 

လူထုအသံ

County

Telephone:

E.mail

Australia Contact

+61 (3) 9010-5488

[email protected]peoplemediavoice.com

 

USA  Contact


[email protected]peoplemediavoice.com

 

 

 

General Contact

 

[email protected]peoplemediavoice.com

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here