အင်တာနက် အွန်လိုင်း လုံခြုံမှု အရေးကြီးပြီ … လော

  လွန် ခဲ့တဲ့ ၂ လကျော်လောက် ကနေ ကမာ္ဘ တလွှား မှာ ရှိတဲ့ မြန်မာ အင်တာနက် စာမျက်နှာများ ရဲ့ လုံခြံုရေး ကို ထိပါး နှောက်ယှက် လာတာ အကြိမ်ကြိမ်ရှိခဲ့ပြီ ဖြစ်   လို့ မြန်မာ အတိုက်ခံ အင်တာနက် စာမျက်နှာ များကလည်း ကောင်းနိုး ရာရာ နည်းလမ်း ကောင်းများ ဖြင့် ကာကွယ် နိုင်ရန် ရှာဖွေပြင်ဆင်လျှက် ရှိသည်ဟု သိရှိရသည်။ ထို့ကြောင့် ပြည်ပတွင် အခြေစိုက်သော လူထုအသံ အင်တာနက် စာမျက်နှာ အနေဖြင့် ယင်းအင်တာနက် လုံခြံုရေး ပြဿနာများ၏ အစိတ်ပိုင်းအချို့အား ရှင်းလင်းပြသနိုင်မည် ဖြစ်သော ဆွီဒင်နိုင်ငံ လူလယ်အို မြို့ရှိ လူလယ်အို နည်းပညာတက္ကသိုလ် တွင် ဒုတိယနှစ် သတင်း၊နည်းပညာဆိုင်ရာ နှင့် လုံခြံုရေးဆိုင်ရာ စီမံမှု ဘာသာရပ် သင်ကြားနေသော ကိုမင်းကျော် အား တွေ့ဆုံ မေးမြန်းခဲ့ရာ……..။ လုံခြံုမှု ဆိုတာ ဘယ်နေရာမှာဖြစ်ဖြစ် ဘယ်လောက်အရေးကြီးတယ် ဆိုတာပြောပြပါလား ? ။ လုံခြံုမှုဆိုတာရဲ့ အရေးပါပုံကိုပြောမယ်ဆိုရင် ….လုံခြုံမှု ဆိုတာ ဘာလဲကို အယင် ပြောရမယ်ထင်ပါတယ်။ ယေဘုယျ အနေနဲ့ လုံခြုံမှုဆိုတာ ကို အန္တရာယ် ကျရောက်ခြင်း၊ ထိခိုက်ဒါဏ်ရာရခြင်း၊ ပျက်စီးခြင်း၊ ခြိမ်ခြောက်မှု ကင်းခြင်း နဲ့ အဲတာတွေ ကာကွယ်ဖို့ အင်အားရှိခြင်း တို့ကို ပြောနိုင် ပါတယ်။ အဲဒီမှာ ဆိုခဲ့သလိုဘဲ ကျွန်တော် အလွယ် ဆုံး ဥပမာ ၃ ခု ပြောပြပါ့မယ် … ကျွန်တော် တို့ အနေနဲ့ လမ်းလျှောက်တယ် ခလုတ်တိုက်မလား၊ တစုံတယောက်က လာပြီး အန္တရာယ်ပြုမလား၊ ထိခိုက်လာနိုင်လား စိုးရိမ်နေရရင် လုံခြုံမှုဆိုတာ … စီးပွားရေး လုပ်ငန်းတခု လုပ်ကိုင်ဖို့အတွက် ဆိုရင် ကျွန်တော်တို့ ဘာတွေစဉ်းစား မလဲ၊ မိမိလုပ်ငန်း အောင်မြင်ဖို့ အတွက် မှာက မိမိရဲ့ လုပ်ငန်းတူ တွေကနေ ပေးလာမယ့်၊ ကြံုတွေ့လာမယ့်၊ ပြိုင်ဆိုင်မှုတွေ ကနေ အန္တရာယ်ကင်းအောင်၊ မိမိလုပ်ငန်း မကျရှုံးသွားအောင်၊ မိမိရဲ့ လုပ်ဆောင်ချက် တွေကို တပါးသူက အလွယ်တကူ ရယူပြီး မိမိကို ပြန်လည် ပြိုင်ဆိုင်မှု ကင်းအောင် လုပ်မယ်ဆိုရင် လုံခြုံမှု ဆိုတာ မရှိဘဲ ဖြစ်ပါ့မလား၊ နိုင်ငံတခုမှာ လုံခြုံမှု မရှိဘူး ဆိုရင် ဘာဖြစ်သွားနိုင်မလဲ၊ အမေရိကန် နိုင်ငံကိုကြည့်ပါ၊ သူ့ ပြည်သူ့တွေ အတွက် တခြားနိုင်ငံတွေ အထိ ဒေါ်လာ ဘီလီယံ ထောင်ပေါင်းများစွာ အကုန်ခံကာ သွားရောက် တိုက်ခိုက်နေတာ ဟာ အမေရိကန်သမတ ပြောသလို သူ့ပြည်သူတွေရဲ့ လုံခြုံမှု ဆိုတာကို အလေးထားလို့ရော မဖြစ်နိုင်ဘူးလား… ။ အွန်လိုင်း အင်တာနက်သုံးစွဲသူတွေ ကြောက်ကြတဲ့ Trojan horses ၊ Worms ၊ Viruses ၊ Malware ၊ Spyware တို့ အကြောင်းတွေ အရင် ပြောပြပါလား ? ။ Trojan horses ၊ Worms ၊ Viruses ၊ Malware ၊ Spyware၊ Adware ဆိုတာတွေကတော့ ကွန်ပျူတာကို ပျက်လို ပျက်စီး အောင်၊ ကွန်ပျူတာထဲက အချက်အလက်တွေကို ပြုလုပ်ဖို့ စွမ်းဆောင်ပေးတဲ့ ပရိုဂရမ်တွေပါတယ်။ ကွာခြားတာကတော့ မိမိရဲ့စက်ကို ချက်ချင်း ဒုက္ခ ပေးနိုင်သလို့၊ တဖြည်းဖြည်းချင်းပေး တဲ့ စနစ် ( Viruses နဲ့ Worms တို့ ဆက်နွယ်နေတဲ့ပရိုဂရမ် ) နဲ့ မိမိရဲ့ ကွန်ပျူတာ ထဲကို ဝင်ပြီး မိမိ လုပ်ဆောင်နေချက်တွေကို သူလျိုတယောက်လို ပရိုဂရမ် ဖန်းတီးထားသူ ပိုင်ရှင်ဆီ ပြန်လည်ပေးပို့ တတ်တဲ့ စနစ်တွေ (Trojan horses, Spyware စတဲ့ အမျိုးအနွယ်ဝင် ပရိုဂရမ်တွေ ) ပါ။ ယေဘုယျ ပြောရမယ်ဆိုရင်တော့ဗျာ … Viruses တွေက စက်ထဲက ကောင်ကို ဖျက်ဆီးတယ်ဗျာ။ Trojan horses, Spyware, Malware တွေက စက်ထဲကို ဝင်ပြီးတော့ မွှေတော့တာပါဘဲ၊ စက်ထဲက အချက်အလက်တွေ အားလုံးကိုပေါ့။ အဲလို သူက စပြီးတော့ လုပ်လာရင် စက်မှာ သုံးရတာ အဆင်မပြေ ဖြစ်လာမယ်လေ။ စက်လေး လာတာတို့၊ ရပ်နေတာ တို့ကစလို့ပေါ့၊ အဲလိုဖြစ်လာတဲ့ အကြောင်းအရင်းက သူရေးထားတဲ့ ပရိုဂရမ်တွေက မိမိကွန်ပြူတာ စက်ရဲ့ အားကို ယူသုံးလာလို့ ဖြစ်တယ်လေ။ သူ့ရဲ့ လုပ်ဆောင်ချက်က အောင်မြင်ရင်တော့ မိမိရဲ့ စက်ထဲက အချက်အလက်တွေကို အပြင်ကို ခိုးထုတ်ပေးတဲ့ လူလို့ပေါ့။ နောက် adware တို့ ဆိုတာတွေကလည်း အလားတူဘဲ။ ကိုယ်လုပ်ချင်တာ လုပ်မရတော့အောင် အနှောင့်အယှက်တွေ ပေးတာပေါ့။ ကြော်ငြာတွေ တက်တက် လာတာတို့ပေါ့။ အဲတာတွေ ကတော့ ဝဘ်ဆိုဒ့်တွေ ကနေ ဝင်လာ တတ်တော့ပေါ့ဗျာ။ အခုနောက်ပိုင်း အသုံးပြုတာများတဲ့ ဝက်ဘ်စာမျက်နှာအတု ဖြစ်အောင် phishing တွေလုပ် Spam မေးလ်တွေ ဘာကြောင့် လွှတ်ရသလဲ ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့လဲ ပြောပြနိုင်မလား ? ။ Phishing ဆိုတာ ငါးမျှားခြင်းလို့ ပြောတတ်ကြတယ်။ ဘာလို့လဲ ဆိုတော့ ဖန်တီး သူတွေက လူတွေ စိတ်ဝင်စားအောင်၊ လန့်အောင်၊ ကြောက်သွားအောင်လို့ လုပ်ပြီး လူတွေရဲ့ သတင်းအချက်အလက်တွေ ခိုးယူနိုင်အောင် ပြုလုပ်ကြတာပါ။ အီးမေလ်း လိပ်စာအတု ဖြစ်စေ၊ ဝဘ်ဆိုဒ့် လိပ်စာအတု ဖြစ်စေ၊ အစစ်နဲ့ ပုံစံတူလေးတွေ ဖြစ်အောင် လုပ်ပြီးတော့ လှမ်းအကြောင်းကြား သလိုလို ထင်ယောင်ထင်မှား လုပ်ဆောင်တာပါ။ အဲဒီမှာ ဘာသာစကား အားနည်မှု၊ နည်းပညာဆိုင်ရာ ချို့တဲ့မှု စတဲ့ အားနည်းတဲ့ အချက် တွေကြောင့် သူတို့မျှားတဲ့ ငါးမြှားချိတ်မှာ ပါကုန်တတ်တာပါ။ အွန်လိုင်းတွေ ကနေ Hacker တယောက်က ကိုယ်ရဲ့ ကွန်ပြူတာထဲကို ဘယ်လိုထိုးဖေါက် ဝင်ရောက်နိုင်လဲ ( အကြမ်းဖျင်းပေါ့ ) ဘယ်လိုကာကွယ်နိုင်မလဲ ? ။ ကွန်ပြူတာထဲ ဝင်တယ်ဆိုတာက အမျိုးမျိုးရှိကြပါတယ်။ သူကလည်း ဝဘ်ဆိုဒ့်တွေနဲ့ သိပ်မခြားပါဘူး၊ ကျွန်တော်တို့ရဲ့ အိမ်ကို သူခိုးက ဝင်ခိုးသလိုပေါ့ဗျာ၊ ကျွန်တော်အိမ်ရဲ့ ဝင်ပေါက်တွေ ( ပြတင်းပေါက်တွေ၊ တံခါးတွေ၊ ခွေးတိုးပေါက်တွေ က တဆင့် သော်လည်းကောင်း၊ ဒါမှ မဟုတ် အိမ်နီးချင်း ဖြစ်အောင်လုပ်ပြီးတော့ မှ ခြံစည်းဖေါက်ပြီး ခိုးတာမျိုးပေါ့။ နည်းပညာအရကတော့ ကျွန်တော် စက်တွေ မှာလည်း port ဆိုတဲ့ ထွက်ပေါက် ဝင်ပေါက် တွေ ရှိကြ ပါတယ်။ အလားတူဘဲ ဝဘ်ဆိုဒ့် တွေတင်ထားတဲ့ ဆာဗာတွေမှာ လည်း အဲလိုဘဲပေါ့။ ဆာဗာတွေဆိုတာ ကွန်ပျူတာ တွေဘဲ ဘဲလေ။ ကွာခြားချက်တွေက သိပ်မှ မရှိတာ။ ပြောရမယ်ဆိုရင် အွန်လိုင်းပေါ်က အိမ်လေးတွေဘဲပေါ့ဗျာ။ တဘက်မှာ အဲ ဆာဗာက လည်း သူ့ ကွန်ပျူတာဖွင့်သလိုမျိုး ဖွင့်ထားပေးရတာဘဲလေ။ ခုနက စကားပြန်ဆက်ရရင် အဲလို အခြေအနေတွေကြောင့် အဲဒီမှာ ရှိနေတဲ့ ဝင်ပေါက် ထွက်ပေါက် တွေကို မသိဘူး ဆိုရင်တော့ သူခိုးက ဝင်လာမှာဘဲလေ။ ကိုယ်ကလည်း သိအောင် လုပ်နေရမှာ ဖြစ်သလို၊ ခိုးမဲ့သူတွေ ကလည်း ခိုးလို့ ရအောင် ကြံဖန်နေမှာဘဲလေ။ ခုနကပြောတဲ့ Trojan horses, Spyware, Malware, adware တို့ လိုတွေ ပို့ပေးပြီးဖြစ်စေ၊ Viruses, Worms တွေနဲ့ ဖြစ်စေ မိမိရဲ့ စက်တွေကို လုံခြုံမှု ချိနဲ့ အောင်လုပ်ပြီးတော့ ဝင်အောင်း တတ်ကြပါတယ်။ ကာကွယ်ဖို့ ဆိုတာက ခုနပြောတဲ့ အချက် အလက် တွေကို သိနေမှ ဖြစ်မှာလေ။ Tool ဘားတွေ၊ ဘရောက်ဂ်ဇာတွေ ထဲ ကနေလည်း ဝင်ရောက်နိုင်သေးလား ? ။ အဲဒီမှာက ပြောရ ခက်တယ်လေ၊ ဘယ်လိုအမျိုးအစားကို သုံးစွဲလဲ ဆိုတာ ရှိအုံးမှာလေ။ အားလုံးလို့ ချုံပြီးတော့ ပြောလို့တော့ မရနိုင်ဘူးလေ။ သေချာတာတခုက အဲတာတွေ ကနေ Trojan horses, Spyware, Malware, adware ဝင်လာ နိုင်တယ် ဆိုတာဘဲ။ ဘာလို့လဲ ဆိုတော့ ဝင်လာအောင် လုပ်ဆောင် နိုင် တဲ့၊ ကာကွယ်နိုင်တဲ့ စနစ်တွေ က Tool ဘားတွေမှာ စွမ်းဆောင်ရည် ရှိနေလို့ဘဲလေ။ Tool ဘားတွေ က မိမိသွားရောက်မဲ့ ဝဘ်တွေ စစ်ဆေးပေး နိုင်တဲ့ စနစ်တွေရှိသလို၊ ကြော်ငြာတွေ ကြော်ငြာတဲ့ စနစ်ကလည်း Trojan horses, Spyware, Malware, adware ဝင်လာ နိုင်အောင်လို့ စက်သုံးစွဲသူကို မျက်စိ လည်အောင် လုပ်ပြီးတော့ လမ်းဖွင့်ပေး တတ်ကြပါတယ်။ အဲလိုမျက်စိလည် သွားတာကို က phishing လုပ်ခံရတဲ့ နည်းတမျိုးဘဲလေ။ အင်တာနက် Download တွေကနေ မိမိကွန်ပြူတာကို ဘယ်လိုထိခိုက်နိုင်လဲ ဘယ်လိုကာကွယ်နိုင်မလဲ ? ၊ ဘယ် လမ်းကြောင်းတွေ ကနေလဲ လုံခြံုရေးထိပါးနိုင်သေးလဲ ? ၊နောက်တခုက နံမည်ကြီး download ဆော့(ဖ်)ဝယ်ယာတွေ ဖြစ်တဲ့ Bitlord တို့ Limeware တို့ မက်ဆင်ဂျာတို့က နေ ကွန်ပြူတာ ထိခိုက်နိုင်စရာ အကြောင်းရှိသေးလား ? ။ အဲဒီ Download လမ်းတွေ က မိမိရဲ့ စက်တွေကို အထိခိုက်ဆုံး ဘဲလေ။ ကိုယ်မှ ကိုယ်ရယူမဲ့ ဖိုင်တွေ သိမှ မသိရတာဘဲ၊ အဆိုးဆုံးက အလကားပေးတဲ့ကောင်တွေမှာ ဖြစ်တတ်သလို၊ Bitlord တို့ Limeware တို့ မက်ဆင်ဂျာမှာလည်း ဖြစ်တတ်ပါတယ်။ ဘာကြောင်လည်း ကိုယ်က မူရင်းဖိုင် ဟုတ် မဟုတ်၊ စစ် မစစ်၊ အဲဒီဖိုင်ထုတ်တွေ ထဲမှာ ဘာတွေ ရှိနေလဲ၊ ဘာပါနေလဲ ဆိုတာ တင်ကြိုမသိရလို့ ဘဲလေ။ ဟိုဘက်က လူက လူစိတ်ဝင်စားအောင်၊ စိတ်ဝင်စားတတ် တဲ့ နာမည်တွေ၊ ဖိုင်တွေ ကို ပြုလုပ်ပြီး မျှဝေရင် ခံရပြီလေ၊ ကိုယ်က ကိုယ် စက်ထဲ ရောက်မှာ သိရမှာ၊ အဲမှာ ကိုယ်က မသိလို မစစ်ဆေးဘဲ သွားဖွင့် ပေးမိရင် သူက ဇာတိ ပြတော့မှာပေါ့။ အဲတာကြောင့် မလုပ်ခင်မှာ ကိုယ်က သိနေရမယ်။ မလိုအပ်ရင် P2P ဆိုတဲ့ ကွန်ပျူတာခြင်း တိုက်ရိုက် ချိတ်ဆက်ရယူ မျှဝေခြင်း စနစ်ကို မသုံးဘဲ ရိုးရိုးသာ download ချတာက အကောင်းဆုံးပါဘဲ။ အဲလို မလုပ်ခင်မှာ ဆော့ဖ်ဝဲလ် တွေ ကို update ကိုယ်တိုင်တိုင် လုပ်ထားရပါ့မယ်။ ( တခါတလေမှာ ဆော့ဖ်ဝဲလ်တွေ ကိုယ်တိုင်က update လုပ်ပေးတတ်ပါတယ်၊ update လုပ်ပေးတယ် ဆိုတိုင်း အတင်းကာရော ယုံလို့မရဘူးနော်။ တခါတလေ မှာ သူတို့ နဲ့အတူ ကပ်ပါလာနိုင်တဲ့ အရာလေးတွေ ရှိပါတယ်။ အဲတာကြောင့် တိုက်ရိုက် ဒေါင်းလုတ်ကို စိတ်မချရတဲ့ နေရာတွေကနေ တိုက်ရိုက် မချလိုက်လိုက်ပါနဲ့။ အရင်ဆုံး ကိုယ့်ရဲ့ anti-spyware ဟာ update ဖြစ်မဖြစ် အရင် စစ်ဆေးပြီးမှ သာ အသုံးပြုတာ အကောင်းဆုံးပါ )။ ကာကွယ်ဖို့ အတွက် ကတော့ firewall ဆိုတာ သေချာစွာ အသုံးချတတ်ဖို့ လိုပါတယ်။ အသေခြာ မသုံးတတ်ရင်တော့ အင်တာနက် ထဲပါ ဝင်မရအောင် သူက ထွက်ပေါက်၊ ဝင်ပေါက်တွေ ပိတ်ထားလိုက်ပါ့လိမ့်မယ်။ ဥပမာ Zonealarm လိုမျိုး firewall ဟာ ကိုယ်သုံးစွဲ နေတဲ့၊ ယုံကြည်ရတဲ့ စားရင်တွေကို သူ့ကို ပေးမှတ်ထား လိုက်ရုံနဲ့ ပေထားတဲ့ စာရင်းထဲက အတိုင်း ဘဲ အလုပ်ပေးလုပ်တတ်ပါတယ်။ စာရင်းထဲမပါ အရာတွေကို အင်တာနက်ဆီတောင် မရောက် နိုင်အောင် တာဝန်ကျေစွာ တားဆီးပေး တတ်ကြပါတယ်။ firewall ထားရှိတဲ့အတွက် မိမိစက်ရဲ့ မှတ်ဉာဏ် တစိတ်တပိုင်း ကိုသာ ပေးလိုက်ရပေမယ့် အဲဒီအတွက် စက်တော့ နှေးသွားမှားပေါ့။ အယင်ကလည်း အမေရိကန် ကာကွယ်ရေးဝန်းကြီး ရောဘတ်ဂိတ်ရဲ့ ပင်တဂွန်က ကွန်ပြူတာကို တရုတ် Hacker တွေခိုးဝင်ခဲ့ ဖူးတယ်၊ အခု ရီဘာပလစ်ကင်ပါတီက ဒုသမတ ဝင်ရောက် အရွေးခံမဲ့ ဆယ်ရာပေလင်းရဲ့ အီးမေးလ် ဝင်ရောက် ခိုးကြည့်ခြင်း ခံရတယ်လို့ ပြောတယ်၊ ဘယ်လို ကိုယ်ပိုင် အီးမေးလ်တွေ ကို အလွယ်ဆုံး ဘယ်လို ကာကွယ်နိုင်မလဲ ? ။ ကာကွယ်လို့ မရနိုင်ဘူးလို့ ပြောလို့ရတယ်။ တာဆီးလိုဘဲ ရမှာပါ။ ဘာကြောင့်လည်း ဆိုတော့ ဗျာ အီးမေလ်းတို့ ဝဘ်တို့ ဆိုတာတွေ့ နည်းစနစ်နဲ့ ဖန်တီး ထားတာမို့လို့ဘဲ။ နည်းစနစ်တွေက တိုးတက်လာ လေလေ အားနည်းချက်တွေ တွေ့လာလေဘဲလေ။ ထို့အတူ ကာကွယ်ဖို့လဲ အဆင်မြင့်လာ လေပေါ့။ လောလောဆယ် အခြေအနေမှာတော့ မိမိရဲ့ အီးမေလ်းတွေ၊ ကိုယ်ရေး အချက် အလက်တွေ ကို အများသုံး ကွန်ပျူတာတွေမှာ အသုံးမပြုတာဟာ၊ ကာကွယ်ခြင်းတမျိုး ပါဘဲ။ သုံးမယ်ဆိုရင် သုံးပြီးတာနဲ့ အဲဒီစက်မှာ အဲဒီ အချက်အလက်တွေ မရှိတော့အောင် ဖျက်နိုင်ဖို့ လိုပါတယ်။ ဖျက်နိုင်တဲ့ နည်းတွေထဲက တခုကတော့ ကိုယ်သုံးတဲ့ ဘရောက်ဂ်ဇာ ရဲ့ History, Cookie, Saved form, search history, Saved password, Authenticated sessions, Cache တွေကို ဖျက်နိုင်နေရမယ်။ အဲဒါ ဆိုရင်တော့ သက်သာနိုင်ပါတယ်။ ဒါတောင်မှ ပြန်ရှာဖို့ နည်းလမ်းတွေရှိတယ်နော်… နည်းပညာ နားလည် တတ်ကျွမ်းသူတွေ၊ အင်တာနက် မှုခင်း ရှာဖွေဖေါ်ထုတ်ရေး က လူတွေပေါ့ …။ မြန်မာ ဝက်ဘ်ဆိုဒ်တွေ အနေနဲ့ အခုလို တိုက်ခိုက်ခံနေရတာ နောက်ကွယ်မှာ နိုင်ငံရေး ပဋိပက္ခတွေ စွက်နေတယ်လို့ မြင်သလား ? ။ အင်တာနက်မှာ ဘယ်အရာမှ ပုံသေပြောလို မရနိုင်ပါဘူး၊ နိုင်ငံရေး ပဋိပက္ခတွေ ကြောင့်လည်း ဖြစ်နိုင်သလို၊ နည်းပညာ အားနည်းမှုကြောင့် ဖြစ်တတ် ပါတယ်။ အခုတလော အတိုက်ခံ နေရတာတွေက သတင်းဌာန တွေတင် မကပါဘူး၊ နည်းပညာဆိုင်ရာ ဆိုဒ့်တွေ၊ ဘလောဂ့်တွေ အပြင် သာမန် ဝဘ်ဆိုဒ့်တွေလည်း ပါဝင်နေ ပါတယ်။ သတင်းဌာန တွေကိုတိုက်တဲ့ သူတွေရဲ့ သတင်းအချက်တွေ ကျွန်တော်မှာ မရှိလို့ မသိပေမဲ့၊ ပြည်တွင်းက ဆိုဒ့်တွေ တော်တော် များများကို တိုက် နေသူတွေထဲမှာ ပြည်တွင်းက လူတွေပါနေ သလို၊ တရုတ်၊ စင်ကာပူ၊ ဖိလစ်ပင်း နဲ့ အရှေ့ အလယ်ပိုင်း က hacker အဖွဲ့တွေလည်း ပါနေ ပါတယ်။ နောက်တခုက တိုက်ခိုက်ပုံတွေကလည်း ကွာခြားနေတော့ကာ အဖွဲ့ တဖွဲ့တည်းနဲ့ လုပ်နေတာတော့ မဟုတ်တာ သေခြာပါတယ်။ နောက် တခုက ဗျာ … အဲလို နိုင်ငံတကာ က hacker တွေက လုပ်တတ်ကြတာက နည်းပညာ ဖွံဖြိုးဆဲ နိုင်ငံတွေကို အဓိက ပစ်မှတ်ထားပြီး လုပ်တတ် ကြပါတယ်။ အထူးသဖြင့် အရှေ့တောင် အာရှက မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမော္ဘဒီယား နဲ့ ထိုင်း နိုင်ငံက ဆာဗာတွေ ဝဘ်ဆိုဒ့်တွေက အခံရဆုံး ထဲကပေါ့။ ကျွန်တော်တို့ အနေနဲ့က သေချာ လေ့လာကြည့်ရမယ်။ ပြီးမှ သေခြာမှ ပြောဆိုသင့်ပါတယ်။ နိုင်ငံရေးနဲ့ ပါတ်သက်တဲ့ ကိစ္စတွေက အရမ်း ရှုပ်ထွေး လို့ပါ။ နိုင်ငံရေးမှာတော့ တဖက် နဲ့ တဖက်က အမြဲတမ်း မျက်စိဒေါက်ထောက် ကြည့်နေတတ်ကြတာ ဆိုတော့ ပိုဆိုးတာပေါ့။ တခါတလေမှာ နိုင်ငံရေး အမြတ်ထုတ်လိုမှု့ အတွက် စွတ်ဆက် ပြောဆိုတတ် ကြတာလည်း ရှိတတ်သလို၊ အမှန်တကယ် တိုက်ခိုက် လုပ်ဆောင်တာတွေလည်း ရှိနေတတ်ကြလို့ ပါဘဲ။ အခု တလော တိုက်ခိုက်ခံနေရတဲ့ ( Denial of Service ) DoS Attack တိုက်ခိုက်နည်း စနစ် ကို ပြောပြနိုင်မလား ? ။ ( Denial of Service ) DoS Attack တိုက်ခိုက်နည်း စနစ် ဆိုတာက ကျွန်တော် ဝဘ်ဆိုဒ့်တွေ့ ထိုင်ထားတဲ့ ဆာဗာ ရဲ့ လက်ခံ နိုင်တဲ့ မှတ်ဉာဏ်အား အရေအတွက် ကို သာမန်ထက် ကျော်လွန်စွာ သုံးစွဲလာအောင် လုပ်ပြီး တိုက်ခိုက် တာပါ။ ဝဘ်ဆိုဒ့်တွေ့ ဆီကို ထူထည် ကြီးမားတဲ့ ဖိုင်တွေ ပေးပို့ ပြီးတိုက်ခံ နေတာမျိုး မဟုတ်ပါဘူး။ လူတယောက်က ၁စက္ကန့် မှာ တကြိမ် နှစ်ကြိမ်လောက်ထိဘဲ ဝဘ်ဆိုဒ့် တခုကို request နိုင်မှာပါ၊ အဲဒီ့ DdoS က တစ်စက္ကန့် ကို အကြိမ် ၁၀၀၀ ကနေ ၅၀၀၀ ထိ request လုပ်ပေးတဲ့ လုပ်နိုင်တဲ့ နည်းစနစ် တခုဖြစ်နေလို့ပါဘဲ။ သူက သာမန်လူလို အဲဒီစာမျက်နှာကို ခုန သူနိုင်တဲ့ အားနဲ့ သွားရောက် တာလေ။ သွားဖျက်ဆီးတာ မှ မဟုတ်တာ။ အဲလိုတိုက်တဲ့ နည်းစနစ်ကို ကျွန်တော်တို့က ဘယ်လို လုပ်ပြီးသွား အရေးယူမလဲ။ ကျွန်တော်ရဲ့ ဆာဗာထဲကို ဝင်တားပြီး ဖျက်ဆီးတာ၊ လုပ်ဆောင်တာ မဟုတ်ဘူး လေ။ သူက အပြင်ကနေ remote နဲ့ ထိန်းပြီး လုပ်လို့ရတဲ့ နည်းစနစ် ဖြစ်နေတဲ့ အတွက် အရေးယူနိုင်ဖို့ ဆိုတာ မလွယ်လှဘူးလေ။ မြန်မာ ဝဘ်ဆိုဒ့်တွေ ထိုင်ထားတဲ့ ဌားရမ်းသုံးနေတဲ့ ဆာဗာတွေ ဟာ ရိုးရိုး သာမန်ဆာဗာ တွေဖြစ်ပါ တယ်။ ရိုးရိုး သာမန်ဆာဗာတွေ ဆိုလိုတာက ကျွန်တော်တို့ သုံးနေတဲ့ တကိုယ်ရေသုံး ကွန်ပျူတာတွေကို ဆာဗာ အဖြစ်ပြောင်းပြီး ဈေးပေါပေါ နဲ့ ဝန်ဆောင်ပေး နေလို့ကြလို့ ဘဲလေ။ အဲလို ဆာဗာတွေ ရဲ့ ခံနိုင်ရည် ဟာ အကန့်အသတ် ရှိပါတယ်။ အဲလို အကန့်အသတ် တွေအပြင်မှာ သတင်း ဝဘ်ဆိုဒ့်တွေ သုံးနေတဲ့ database တွေ ဟာ လည်း အကန့်အသတ်တွေနဲ့ပါ။ ဥပမာဗျာ မြန်မာတွေ သုံးနေတဲ့ database တခုရဲ့ လုပ်ဆောင်နိုင်တဲ့ ဝန်ဆောင်မှု Access လုပ်နိုင်နိုင်မှုဟာ ၁ နာရီမှာ အကြိမ် ၆၀၀၀၀ ( ၆ သောင်း ) ဝန်းကျင်ထိ ဘဲ ပေးနေ နိုင်ပါ တယ်။ သာမန် သတင်းဌာန တခုအတွက် အဲတာဟာ လုံလောက်ပေမဲ့ တနေ့ ကို သိန်းနဲ့ချီ လာရောက်တဲ့ စာမျက်နှာတွေ မှာဆို အဲဒါကို သတိထားပြီး အဆင်မြှင့်ပေးဖို့လိုပါတယ်။ အဆင့်မမြှင့် ပေးနိုင်ရင် ဆာဗာရဲ့ စွမ်းဆောင်ရည် ကျဆင်းလာမှ ဆာဗာတွေ စွမ်းဆောင်ကျတဲ့ အခါမှာ အရင် တုန်းကလို ပုံမှန် လက်ခံနိုင်တဲ့ အရေအတွက်ကို လက်မခံတော့ ဘဲ ဆာဗာမှာ error တွေ တက်လာတတ်သလို့၊ ဆာဗာတွေ ပိတ်ကျ သွားတာလဲ ဖြစ်တတ်ပါတယ်။ အဲတာတွေ ကြောင့် လဲ မိမိရဲ့ ဆာဗာ အတွင်းမှာကို က DDoS Attack လိုမျိုး ဖြစ်စေတတ်ပါတယ်။ အဲလိုဖြစ်လာရင် တဲ့အခါကျရင် ဆာဗာ ဋ္ဌားတဲ့ ကုမ္မဏီ တွေက အကြောင်းအမျိုးမျိုး ပြပြီး၊ ဆာဗာကို ပိတ်ထား ပြီး၊ ပြင်ဆင်ရတာ၊ အနားပေး ရတာတွေ ရှိပါတယ်။ အဲဒါကို ဆာဗာ ဋ္ဌားတဲ့ ကုမ္မဏီတွေဘဲ သိနိုင်တာပါ။ ကျွန်တော် တို့ တားဆီးနိုင်တဲ့ နည်းတွေလည်း ရှိပါတယ်။ တာဆီးဖို့လဲ လုပ်သင့်ပါတယ်။ နည်းလမ်းတွေလဲ ရှာသင့်ပါတယ်။ မရှာဘဲ၊ မပြင်ဆင်နေရင်ဘဲ သူများကို အပြစ်ဖို့တာဟာ အကျိုးမရှိတဲ့ အပြင်၊ ဆုတ်ယုတ် မှုဖြစ်လာမှာပါ။ ကျွန်တော် တို့ လူပတ်ဝန်းကျင်မှာလိုဘဲ အင်တာနက်မှာ နာမည် ကြီးလားပြီး အောင်မြင်ရလာလေ အတိုက်အခိုက်ခံရဖို့ များလာလေလေ၊ ကာကွယ်ဖို့ ပြင်ဆင်ဖို့ လဲ လိုအပ်လာ လေလေပါဘဲ။ ဒီကနေ့ အောင်မြင်နေတဲ့ Google ကို နေ့စဉ် DDoS လို၊ တခြား ဟက်တဲ့ နည်းစနစ်တွေနဲ့ အတိုက်အခိုက်နေရတဲ့ အကြိမ်ပေါင်း သန်းဂဏန်း ရှိနေပါတယ်။ Google ကိုယ်တိုင် မှာတောင် သူတို့ နည်းပညာ ကို ပြန်လည်ပြီး အားနည်းချက် ရှာတဲ့ Hacking groups တွေ ရှိပြီး၊ သူတို့ ရဲ့ အားနည်းချက် ကို သူတို့ ပြန်လည် စီစစ် ပြုပြင်နေတဲ့ အတွက်လည်း သူတို့ရဲ့ အောင်မြင် အတွက်တော့ အသိအမှတ်ပြု ရမှာပါ။ ဘယ်အချိန်ကတည်းက ကမာ္ဘသတင်း မီဒီယာ အင်တာနက် စာမျက်နှာတွေကို ဒီလိုတိုက်ခိုက် ခံရတယ်လို့ သိရလဲ…..? ။ အဲတာ ကိုတော့ အတိအကျ ပြောနိုင်မဲ့သူ မရှိလောက်ဘူး ထင်ပါတယ်။ မှန်းချေ လောက် ဘဲ ရမှာပါ။ ယေဘုယျ ပြောရမယ် ဆိုရင်တော့ နည်းပညာ တိုးတက် လာတဲ့ အချိန်မှာ ကောင်းကျိုးရော ဆိုးကျိုးပါ တွဲပါလာတဲ့ အတွက် ကမာ္ဘသတင်း မီဒီယာ တွေ အွန်းလိုင်း စနစ် ကို စတင် ကူးပြောင်းတဲ့ အချိန်မှာ ကတည်းက အဲလို တိုက်ခိုက်နည်း မျိုးစုံ တွေ နဲ့ အတိုက်အခိုက် ခံခဲ့ ရတာပါ။ နောက်မှာ လဲဘဲ တိုက်ခိုက်တဲ့ စနစ်တွေသာ ပြောင်းသွား ဖို့ဘဲ ရှိတယ်။ တိုက်ခိုက်ခံရမှုတွေက လွတ်မှာတော့ မဟုတ်တဲ့ အပြင် အဲဒီကိစ္စ တွေကလည်း မနေ့တနေ့ ကမှ စဖြစ်ခဲ့တဲ့ ပြဿနာ တွေလဲ မဟုတ်ဘူးလေ။ ဒီလို အွန်လိုင်းကနေ အင်တာနက်စာမျက်နှာတွေကို တိုက်ခိုက် နှောက်ယှက်ခြင်းမျိုး ယေဘူယျအားဖြင့် ပေါ့လေ ဘယ်နှစ်မျိုးလောက် ရှိနိုင်တယ် ထင်လဲ … ? ။ ရေတွက် ဖို့တော့ ခက်ပါတယ်။ နည်းပညာတွေက အချိန်တိုင်းပြောင်းလဲ နေတော့၊ တိတိကျပြောလို့ မရနိုင်ဘူးလေ။ တိုက်ခိုက်မှု ပုံစံတွေကလည်း ပြောင်းလဲ တိုးတက်နေတယ်လေ။ ကျွန်တော် သိတာတင် အမျိုး အစား မနည်းဘူး။ တချို့ ဟာတွေက ပြောလို့ မရဘူး၊ ပြောလိုက်ရင် … ပြဿနာ တွေအများကြီး ရှိလာနိုင်တယ်။ ဥပမာတခုက ဝဘ်ဆိုဒ့်တွေမှာ ဓါတ်ပုံတွေကို ကြည့်ယုံသက်သက်သာ ပြဖို့၊ သိမ်းဆည်းဖို့ မပေးချင်တာ၊ တခြားမှာ စာမျက်နှာမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်တဲ့ နည်းနဲ့ ဖြစ်စေ သွားသုံး ကာကွယ် တတ်ကြ တယ် အဲတာ ကို တခြားဘရောက်ဂ်ကနေ သုံးပြီး ယူတတ်ကြတယ် သုံးနေကြတယ် လေ။ တိုက်ခိုက်ပုံ စနစ်တွေကလည်း ဆိုက်ဘာမှုခင်းကနေ လွတ်အောင် ကြိုးစားပြီး တိုက်ခိုက်လာတာ တွေလဲ တိုက်ခိုက်နေတာတွေက အများကြီးဘဲလေ။ အခု DDoS နောက်ပိုင်းမှာ ထွက်လာတဲ့ နည်းစနစ်တွေကလဲ များမှ များဘဲလေ …။ ဒီလို နည်းပညာမှုခင်းမျိုးကို တားဆီးနိုင်မဲ့ နည်းလမ်း အခုတွေ့ပြီလား …? ။ ရှိပါတယ်။ တားလို့ရပါတယ်။ တခုဘဲ ရှိတာက တားဆီးတဲ့ နည်းလမ်းကလဲ ဖြစ်ပြီးမှ ပေါ်လာတတ် တာပါ။ ကြိုတင်ပြီး ကာကွယ်ထားကြတာ နည်းပါတယ်။ ဒီလို နည်းပညာမှုခင်းမျိုးကို တားဆီးနိုင်မဲ့ အဖွဲ့ အစည်းက အစိုးရတခုဘဲ လုပ်ပေးနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ငွေကုန်ကြေးကျ အရမ်းများသလို၊ လိုအပ်တဲ့ ဥပဒေသ တွေ ထုတ်ပြန်ပေးဖို့ လိုနေလို့ ဘဲလေ။ သူ့အတွက် သီးသန့် သုတေသန လို အဖွဲ့တခု ထားပြီး လုပ်နေမှ သာ ကာကွယ်နိုင်မှာပါ။ ကျွန်တော် တို့ သုံးစွဲနေတဲ့ စနစ် တခု က သုံးစွဲနေတဲ့ စနစ် မှာ ဘဲ အကာ အကွယ်ပေးတတ် ကြတာ လုပ်တတ်ကြတာ တွေ ရှိ တယ်။ အဲတာကို အခြား စနစ်တခုကနေ ကြည့် မယ် လုပ်မယ် ကိုင်မယ် ဆိုရင် ပြသနာ ရှိလာနိုင်တယ်။ ကျွန်တော် တို့ သုံးထားတဲ့ စနစ်ကို ဘရောက်ဂ်ဇာ တွေ ဖြစ်တဲ့ အိုင်အီး၊ ဖိုင်းယားဖေါက်၊ အော်ပရာ၊ ဆာဖါရီ၊ ဂူဂယ်ခရွမ်း စသည့်ဖြစ် မှာတောင် ဝဘ်ဆိုဒ့်တွေ တခုနဲ့ တခု မတူတာ အဆင်မပြေတာ တွေ တွေ့နေရတယ် ဖြစ်နေကျတယ်။ ဟုတ်ပြီ … ကျွန်တော် တို့ ထိုင်ထားတဲ့ ဆာဗာ တွေ ကို တခြား OS စနစ် ကနေ လှမ်းကြည့်၊ လုပ်ကြည့်မယ်။ ဘာတွေ ဖြစ်လာနိုင်မလဲ။ အဲတာကို ဘယ်သူတွေက ထိုင်ပြီး လုပ်နိုင် စစ်နိုင် လေ့လာနေ ကြသလဲ။ အဲတာတွေကို သေချာ လုပ်နိုင်ဖို့ ဆိုတာ Google, Microsoft တို့လို အပြင် အစိုးရ နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကဘဲ လုပ်ပေးနိုင်မယ်၊ ကာကွယ်ပေးနိုင်ကြမယ် ထင်တယ်။ အခု ဖြစ်ပျက်နေတဲ့ အင်တာနက် စာမျက်နှာတွေ တိုက်ခိုက်မှုမှာ အားနည်းချက်က ဘယ်လို ဒိုမိန်း မျိုးတွေနဲ့ သက်ဆိုင်သလဲ အားနည်းချက်တွေ ပြောပြပါလား … ? ။ အပေါ်မှာ ဖတ်လိုက်ရင် အဖြေ ရနိုင်ပြီ ….. ထင်ပါတယ်။   ဥရောပနိုင်ငံတခုမှာ ပညာသင်ကြားနေတဲ့ ကိုမင်းကျော် အနေနဲ့ ကျန်တဲ့ သိသင့် သိထိုက်တဲ့ နည်းလမ်းတွေ ရှိယင် ဆောင်ရန်ရှောင်ရန် အတွက် အင်တာနက် စာမျက်နှာရှင်တွေ အတွက်ကော၊ အွန်လိုင်းအသုံးပြုတွေ အတွက်ပါ ခေတ်မှီတဲ့ နည်းပညာတွေ သိထားယင်ပြောပြပါလား …? ။   ကျွန်တော် လဲ လေ့လာနေဆဲ၊ သင်ကြားနေဆဲ ကျောင်းသားတယောက်ပါ။ ကျွန်တော် သင်ကြားမိ သလောက် သုံးသပ်ရမယ်ဆိုရင် မြန်မာ ဝဘ်ဆိုဒ့်တွေ တင်နေတဲ့ ပိုင်ရှင် အများစုဟာ ဆာဗာ ကုမ္မဏီတွေကိုဘဲ လုံခြုံရေး အတွက် အားကိုးနေကြတာ များတယ်။ ကိုယ်ပိုင် ကာကွယ်တာဆီးဖို့ လုပ်ထားတာ မရှိဘူး။ အဲမှာ ပြောစရာရှိတာက ဆာဗာ ကုမ္မဏီတွေက သူတို့ ဆာဗာ ကို ဋ္ဌားတာလောက်ဘဲ ရှိတာ အခုလို တိုက်ခိုက် ခံနေရတာတွေက ကာကွယ်မှုပေးဖို့ မလုပ်ဘူးဆိုတာပါ။ နောက်တခု က မြန်မာ ဝဘ်ဆိုဒ့် တွေ တင်နေတဲ့ ပိုင်ရှင် အများစု ဟာ အစတည်းက မိမိတို့ရဲ့ ဝဘ်ဆိုဒ့် တွေ အတိုင်းအတာ တခုလောက်နဲ့ဘဲ စတင်ခဲ့ကြတာပါ။ ဝဘ်ဆိုဒ့် အတွက် သီးသန့် ဆိုပြီး လုပ်တဲ့ ဝဘ်ဆိုဒ့် အရေအတွက် နည်းပါတယ်။ ဆိုလိုတာက ဝဘ်ဆိုဒ့် တခုကို ရင်နှီးမြုပ်နှံမှု အသေအချာ မပြု လုပ်ကြ တာဘဲ။ နောက်မှ ဆိုတဲ့ စကားလုံးနဲ့ ဘဲ လုပ်နေတာတွေ တွေ့ရတယ်။ နောက်တခု က ဝဘ်ဆိုဒ့် တွေကို သီသန့် web designer, web developer နဲ့ web master တို့ တွေကို ထားတာမတွေ့ ရဘူး။ အောင်မြင်နေတဲ့ ဆိုဒ့် တွေမှာ အဲတာတွေ သီးသန့် ရှိနေဖို့ လိုအပ်မယ်။ ဒါမှ သူတို့ အနေနဲ့ သူတို့ အလုပ်ကို သေချာစွာ လုပ်နိုင်မယ်လေ။ တယောက်ထဲ တာဝန် ၃ ခု ပေးထားယင် ဘယ်လို အဆင်ပြေနိုင်မလဲ။ ဒါဆိုရင်တော့ ခုနကလို အတိုက်အခိုက်ခံရတာတွေ ကို တားဆီးနိုင်မှာ ဖြစ်သလို၊ ဖြစ်ခဲ့ရင်လည်း အခုလို အချိန်ကာလ တခုထိ စောင့်နေစရာမလိုပါဘူး။ နာရီပိုင်း အတွင်းမှာ တားဆီးပြီး အစားထိုး လည်ပတ်လာ နိုင်မှာပါ။ အခုလက်ရှိ အတိုက်ခိုက် ခံနေရတယ် ဆိုတဲ့ ဆိုဒ့်တွေမှာတောင် အခုထိ ကာကွယ်မှုတွေ ထိထိရောက် လုပ်ဆောင်ထားတာ မရှိ သေးပါဘူး။ ဝဘ်ဆိုဒ့် ပြုပြင်ထိန်းသိမ်းနေတဲ့ သူတွေ ကိုယ်တိုင်ကလည်း မိမိရဲ့ ဆာဗာ နဲ့ အရင်းတနှီးရှိ နေဖို့ လိုအပ်ပါတယ်။ ပိုင်ရှင်တွေက ဝဘ်ဆိုဒ့် ပြုပြင် ထိန်းသိမ်း နေသူတွေတို့ သတင်းတင် ပေးနေသူတွေ၊ ဒီဇိုင်နာတွေ အဖြစ်လောက် သတ်မှတ်ထားမယ် ဆိုရင်တော့ မလွယ်လှဘူး။ ဝဘ်ဆိုဒ့် ပြုပြင်ထိန်းသိမ်းနေသူတွေ ဟာ အချိန်နဲ့ တပြေးညီ တိုးတတ်တဲ့ နည်းပညာကို သိနေမှ လေ့လာနေမှလည်း အဆင်ပြေနေမှာလေ။ အဲလို သိနေမှသာလျှင် ကာကွယ်ဖို့ အဆင်ပြေ လာနိုင်မှာပါ။ ဒီကနေ့ အင်တာနက် ခေတ် မှာ ဘယ်အရာမှ လုံခြုံမှု ရှိတယ်လို့ ပြောလို့မရဘူး၊ အလုံခြုံဆုံး ဆိုတဲ့ နေရာတွေမှာ တောင်၊ လုံခြုံမှု ကင်းမဲ့နေတာကို တွေ့ရမှာပါ။ လုံုခြုံမှု ပေးနေနိုင်တယ် လိုသာ ပြောလို့ ရမယ်ထင်ပါတယ်။ အဲတာက ဘယ်အချက်တွေက ထောက်ပြနေသလဲ ဆိုရင် အမေရိကန် ပင်တဂွန်က ကွန်ပြူတာတွေ ထဲကို Hacker တွေ ဝင်ရောက်ခဲ့ဖူးတာခဲ့ ဖူးတာ၊ European Organisation for Nuclear Research (CERN) က ကွန်ပြူတာတွေ ထဲကို Hacker တွေ ဝင်ရောက်ခဲ့တာတွေက သက်သေပြနေတယ်လေ။ ရီဘာပလစ်ကင်ပါတီက ဒုသမတ ဝင်ရောက် အရွေးခံမဲ့ ဆယ်ရာပေလင်း ရဲ့ အီးမေးလ် ဝင်ရောက် ခိုးဖတ်ခံရတာ လောက်ကတော့ …. ။ စာရေးသူ တွေ့ဆုံမေးမြန်သော ကိုမင်းကျော်မှာ တက္ကနီကယ် ဖိုရမ် T7 အား ထူထောင်ခဲ့ သူများထဲမှ တဦးလည်း ဖြစ်ပြီး၊ မြန်မာ ဘလော့ဂ် ခေတ်ဦး ကူညီမှုပေးသူ များထဲတွင် တဦးအပါအဝင် ဖြစ်ပြီး၊ ယနေ့တွင် ပြည်ပတွင် နေထိုင်ကာ အွန်လိုင်းနည်းပညာ အတွေ့အကြံုများအား ဖိုရမ်များ၊ ဘလော့ဂ်များမှ ဖြန့်ဝေနေသူ တဦးဖြစ်သည်။ ဇာမဏီရိုင်း( လူထုအသံ )    

LEAVE A REPLY

Please enter your comment!
Please enter your name here