
Microsoft က လံုြခံုေရး အားနည်း ချက်များ ေြကာင့် နာမည်ပျက် ေနသည့် Internet Explore တွင် ေနာက်ထပ် လံုြခံုေရး ယို ေပါက်ြကီး တခု ရှိေနေြကာင်း
အတည်ြပု ခဲ့ရသည်။
Microsoft ၏ Web Browser တွင် အသစ် ေတွ့ရှိသည့် ယင်း ဟာကွက်သည် Hacker များနှင့် ဆိုင်ဘာ ရာဇဝတ်မှု ကျူးလွန် သူများ အေနနှင့် User များ၏ ကွန်ြပူတာ အတွင်း ခိုးဝင်ရန်၊ အတုအေယာင် ဝဘ်ဆိုဒ်များနှင့် ေထာင်ေချာက်ဆင် လှည့်စား ရန်၊ အန္တရာယ်ရှိေသာ Code များ ထည့်သွင်းနုိင်ရန် ဖိတ်ေခါ်ေနေြကာင်း Micrsoft က ဝန်ခံခဲ့သည်။
ဆိုင်ဘာ လံုြခံုေရး ပညာရှင်များကလည်း ယခု ေတွ့ရှိသည့် လံုြခံုေရး ေပျာ့ကွက်ြကီးအား Hacker များ အတွက် ေနာက်ေဖးေပါက် အြဖစ် ခိုင်းနိှုင်း ေဖာ်ြပခဲ့ြကသည်။ ယခု သတင်း ထုတ်ြပန်ချက်သည် (၂၀၁၀) ခုနှစ်၊ တနှစ် အတွင်း Internet Explorer တွင် အဓိက လံုြခံုေရး အားနည်းချက် ြကီး နှစ်ခုအား Microsoft က ဝန်ခံ လုိက်ြခင်းလည်း ြဖစ်သည်။
ယခင်ကလည်း Microsoft သည် Internet Explorer 6 မှတဆင့် တရုတ် Hacker များက လူ့အခွင့်အေရး လှုပ်ရှားသူများ၏ Gmail Password များအား ခိုးယူခဲ့ ေြကာင်း သတင်း ထွက်ေပါ်ခဲ့ရာ လံုြခံုေရး Patch အသစ်များ ထုတ်ေပး ခဲ့ရဖူးသည်။ ြပင်သစ် နှင့် ဂျာမနီ အစိုးရများ ကမူ အင်တာနက် အသံုးြပုသူ များသည် Internet Explorer အစား အြခားေသာ Web Browser များကို သံုးစွဲရန် တိုက်တွန်းထားလိုက်ြပီ ြဖစ်သည်။
Microsoft ၏ Internet Explorer သည် လံုြခံုေရး ချွတ်ယွင်းချက်များ ရှိေနသည့်တိုင် ယခုအချိန် အထိ ကမ္ဘာေပါ်တွင် လူသံုးအများဆံုး Web Browser အြဖစ် ရပ် တည်ေနဆဲ ဟုလည်း သိရှိရသည်။















