ထိုင်း နိုင်ငံ မှ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် များက ၀န်ကြီးချုပ် ဆွန်ချိုင်း ၀န်ဆာဝတ် အား လက်ရှိ ဖြစ်ပေါ် နေသော အခြေ အနေများ ကြောင့် အလျှော့ ပေးရန် အတွက် တိုက်တွန်း မှုများ ပြုလုပ် ခဲ့ကြ သည်။ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ သူများ က သုဝဏ္ဏဘူမိ နှင့် ဒွန်မောင်း တို့ကဲ့သို့ အရေးပါသော နိုင်ငံတကာ လေဆိပ်များကို ကာလကြာရှည် ပိတ်ဆို့ထားမှုကြောင့် ခရီးသည် များ
အကြပ် အတည်း ကြုံတွေ့နေသလို နိုင်ငံ ၏ စီးပွားရေး မှာလည်း ဆိုးဆိုးရွားရွား ထိခိုက်လျက် ရှိနေသည်။
ထိုင်းနိုင်ငံ စီးပွားရေး လုပ်ငန်းရှင် ကြီးများ အသင်း၏ အကြီး အကဲ ဖြစ်သူ ပရာမွန် ဆူတီဗွန်က ထိုင်းဝန်ကြီးချုပ် အနေ နှင့် ရာထူး မှ နှုတ်ထွက်ပြီး ရွေးကောက်ပွဲ ပြန်လည် ကျင်းပ ပေးခြင်း (သို့မဟုတ်) ပါလီမန် ကို ဖျက်သိမ်း ပေးခြင်း တခုခုကို ရွေးချယ် သင့်ကြောင်း၊ ထိုနည်းများ သည် အခြေ အနေကို ထိန်းသိမ်း နိုင်မည့် အကောင်းဆုံး နည်းလမ်းများ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်။ PAD ပါတီမှ ဆန္ဒပြသူများ က လေဆိပ်များကို ခေါင်းမာမာ နှင့် ဆက်လက် သိမ်းပိုက် ထားဆဲ ဖြစ်ပြီး လေဆိပ် ၀န်းကျင် တွင် ပြဿနာ များ ဖြစ်ပွားမှု ကြောင့် အနည်းဆုံး လူ(၃၄) ဦးထိ ဒါဏ် ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။













