
ရုရှား ဝန်ြကီးချုပ် ဗလာဒီမာ ပူတင်သည် ေဒါ်လာ ဘီလျံေပါင်း များစွာ တန်ဖိုးရှိ လက်နက် ေရာင်းဝယ်ေရး သေဘာတူညီမှု အတွက် အိန္ဒိယနိုင်ငံသို့
ေရာက်ရှိေနေြကာင်း သိရှိရသည်။
စစ်ေအးေခတ် ကာလက ဆိုဗီယက် ယူနီယံ၊ ေမာ်စကို အစိုးရ၏ မဟာမိတ်အြဖစ် ရပ်တည် ခဲ့ေသာ အိန္ဒိယသည် ရုရှားထံမှ ဆိုဗီယက် ေခတ်သံုး ေလယာဉ်တင် သေဘင်္ာြကီး ဂိုရှာေကာ့ အပါအဝင် စစ်လက်နက် ေဒါ်လာ (၁၀)ဘီလျံဖိုးမှျ ဝယ်ယူဖွယ် ရှိေနေြကာင်း ရုရှား အာဏာပိုင်များက ဆုိသည်။
ယင်း သေဘာတူညီချက်တွင် ရုရှား၏ နာမည်ေကျာ် MiG ဂျက်တိုက်ေလယာဉ် (၂၉)စင်း ေရာင်းချရန်နှင့် အိန္ဒိယ ေတာင်ပိုင်း တမီနာဒူတွင် နျူကလီးယား ဓာတ်အားေပး စက်ရံုတခု တိုးချဲ့ ေဆာက်လုပ်ေပးရန် တို့လည်း ပါဝင် ေြကာင်း သိရှိရသည်။ ယင်းေဒသတွင် နျူကလီးယား ဓာတ်ေပါင်းဖိုနှစ်ခုကို ေဆာက်လုပ် ထားြပီးြဖစ်သည်။ ေလယာဉ်တင် သေဘင်္ာြကီး ေရာင်းချေရးမှာ ယခင် ကတည်းက နှစ်နိုင်ငံ ညှိနိှုင်းေနခဲ့ ေသာ်လည်း အြပီးသတ် ေဈးနှုန်း သတ်မှတ်နိုင်ြခင်း မရှိေသးေသာေြကာင့် ေနှာင့်ေနှး ေနခဲ့ရသည်။
ထို့အြပင် ရုရှားအေနနှင့် အိနိ္ဒယသည် လက်နက် တပ်ဆင်မှုအတွက် ၎င်းတို့အား မှီခိုေနြခင်းကို အဆံုးသတ် သွားမည်ကိုလည်း စိုးရိမ်လျက်ရှိသည်။ ပူတင်၏ နိုင်ငံြခားေရးရာ မူဝါဒမှူး ယူရီအူရှာေကာ့က ယခုေဆွးေနွးမှု အသစ်သည် နှစ်နုိင်ငံ ေရရှည်လက်တွဲမှုကို ခိုင်ြမဲေအာင် ကူညီစွမ်းေဆာင်ေပးနိုင်မည်ဟု ေြပာြကားခဲ့သည်။
ရုရှားသည် အိန္ဒိယ၏ စစ်လက်နက် အားလံုးမှ (၇၀) ရာခိုင်နှုန်းကို တင်ပို့ ေရာင်းချထားေသာ်လည်း ေတာင်ပိုင်း အာရှ နိုင်ငံသည် ြပီးခဲ့သည့် နှစ်များအတွင်း လက်နက်ေရာင်းချသည့် မိတ်ဖက် နုိင်ငံသစ်များအြဖစ် အစ္စေရးနှင့် အေမရိကန်တို့ကို ချိတ်ဆက်လာြကေြကာင်း သိရှိရသည်။













