People Media Voice : Breaking News On Burma / Myanmar

Wednesday
Jan 07th
Text size
  • Increase font size
  • Default font size
  • Decrease font size

အရေးတော်ပုံ ကဗျာ

E-mail Print PDF

     မူရင်းအတိုင်း မပြုမပြင် စာအုပ်မျက်နှာဖုံးပုံ

     ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ (နိုင်ငံခြားရေးရာကော်မတီ) မှ ၂၀၀၇ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်တွင် ပြည်ပမှာ ပြန်လည် ထုတ်ဝေခဲ့သည့် ကဗျာစာအုပ်ကောင်း တအုပ်ကိုညွှန်းရလျှင် ၁၉၆၃ ခုနှစ်က ရန်ကုန်တက္ကသိုလ် အင်းဝဆောင် သဟာယ နှင့် စာဖတ် အသင်းမှ ထုတ်ဝေခဲ့တဲ့  “အရေးတော်ပုံ” ကဗျာစာအုပ် ဖြစ်ပါတယ်။

 

 

    အရေးတော်ပုံစာအုပ်နဲ့ ပါတ်သတ်ပြီး ပြန်လည်ထုတ်ဝေသော ဗ.က.သ (နိုင်ငံခြားရေးရာ ကော်မတီ) က စာအုပ်အညွှန်းမှာ ယခုလို ရေးထားပါတယ်။ "ဤစာအုပ်ပါ အကြောင်းအရာတွေဟာ ဆဲဗင်းဇူလိုင် အရေး အခင်းဖြစ်ပြီးတာ ပူပူနွေးနွေးပဲ ရှိသေးတဲ့ အချိန်ဖြစ်တဲ့ အတွက် အဲဒီခေတ်က သမိုင်း နောက်ခံ အခြေအနေနဲ့ ကျောင်းသားထုရဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေ ပါဝင်တဲ့အတွက် လက်ရှိ ကျောင်းသားထု အတွက်ရော ဗ.က.သ လှုပ်ရှားမှု သမိုင်းအတွက်ပါ အထောက်အပံ့ ဖြစ်လိမ့်မယ်လို့ ယူဆထားပါတယ်။"

     ဤစာအုပ်ကို ယခင်မူလက မျက်နှာဖုံး ဒီဇိုင်းအတိုင်းပင် ပြန်လည်ထုတ်ဝေထားပြီး၊ ကဗျာ ပုဒ်ရေ ၂၅ ပုဒ် ပါဝင်ပါတယ်။ ၂၀၀၇ခုနှစ်က အုပ်ရေ ၅၀၀ ထုတ်ဝေခဲ့ပြီး၊ အခမဲ့ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ ဤကဗျာစာအုပ်ကို စာပို့ခ ပေး၍  This e-mail address is being protected from spambots. You need JavaScript enabled to view it တွင် မှာယူဖတ်ရှု နိုင်ကြောင်းသိရပါတယ်။ 

 

 

 

 

 

လူထုအသံ ၏ လက်ရှိ သုံးစွဲနေသော စနစ်အား မြှင့်တင် လိုက်ပြီ ဖြစ်သောကြောင့် ယခင် သတင်း၊ ဆောင်းပါး နှင် အင်တာဗျူး များကို ဖတ်ရှုလို ပါက မှုလ စနစ်ဟောင်း ဖြစ်သော ဆာဗာ ပေါ်သို့ သွားရောက် ဖတ်ရှုပါရန် ကြိုတင် အသိပေး အပ်ပါသည်။ သွားရောက် ရန် နေရာမှာ လူထုအသံ စာမျက်နှာဟောင်း  မှာ ဖြစ်ပါတယ်!

Mr.Burma ၏ နှစ်သစ် လက်ဆောင်

Click to enlarge

ဧည့်စာရင်း

www.peoplemediavoice.com
ကြိမ် ကြည့်ရှု့ခဲ့ပြီး၊ ရောက်ရှိနေသူပေါင်းမှာ
ဦး ဖြစ် ပါ တယ်။